ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၂၂ ရက်

ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ ဝေဋုဝန်မြောက်ရပ်ကွက်တွင် ယနေ့နံနက်ပိုင်းက အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ကို ဝင်ရောက်ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း မြို့ခံများထံက သိရှိရသည်။

ယနေ့ ဒီဇင်ဘာ ၂၂ ရက်နေ့ နံနက် ၁၀ နာရီခွဲအချိန်ခန့်က ဝေဋုန်ဝန်မြောက်ရပ်ကွက်၊ သဇင်လမ်းရှိ စူပါ လက်ဖက်ရည်ဆိုင်တွင် အုပ်ချုပ်ရေးမှူးဝေဖြိုးအောင်ဆိုသူနှင့် ရာအိမ်မှူး၊ ဆယ်အိမ်မှူးအဖွဲ့တို့ ထိုင်နေစဥ် အမည်မသိလက်နက်ကိုင်ဆောင်သူတစ်ဦးမှ ဆိုင်အတွင်းဝင်ရောက်ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး ၂ ဦးသေဆုံးကြောင်း သိရှိရသည်။

“ဝေဋုဝန် မြောက်ရပ်ကွက်ကအုပ်ကြီးတို့အဖွဲ့ကိုဝင်ပစ်တာ။ လက် ဖက်ရည်ဆိုင်ထဲကို။ လူတွေလည်း ကြောက်လန့်တ ကြားနဲ့ပြေးကြ ဆိုင်တွေပိတ်ကြနဲ့။ ဟိုကောင်တွေက တော့ ခုထိပတ်မွှေနေတုန်း။ အုပ်ကြီးနဲ့ ရာအိမ်မှူးသေ တယ်။ တယောက်ကတော့ မသေဘူး”ဟု စမ်းချောင်း မြို့နယ်တွင် နေထိုင်သူတစ်ဦးမှ ဧရာဝတီတိုင်းမ်ကို ပြောသည်။

အဆိုပါ ပစ်ခတ်မှုတွင် လက်နက်ကိုင်အမျိုးသားတစ် ဦးမှ စက်ဘီးဖြင့်ဆိုင်အတွင်းသို့ ဝင်ရောက်ပစ်ခတ် ခဲ့ခြင်းဖြစ်ပြီး ဆိုင်အတွင်းမှ CCTV မှတစ်ဆင့်လည်း စစ်ကောင်စီမှ ရှာဖွေနေကြောင်း ဒေသခံများ၏ ပြောပြချက်အရ သိရှိရသည်။

ဒါ့ပြင် ပစ်သတ်ခံရသည့် အုပ်ချုပ်ရေးမှူးဝေဖြိုးအောင် သည် ဆန္ဒပြလူငယ်များကို ဖမ်းဆီးရိုက်နှက်ရာတွင် ဦးဆောင်ပါဝင်ခဲ့ပြီး ၎င်းကြောင့် ဖမ်းဆီးခံ လူငယ်များလည်း အများအပြားရှိနေကြောင်း သိရှိရသည်။

ယင်းပစ်ခတ်မှုတွင် အုပ်ချုပ်ရေးမှူးကိုသာ အဓိကထားပစ်ခတ်ခဲ့သော်လည်း ကျန်တစ်ဦးမှာ ခုခံတိုက် ခိုက်၍ ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ရေးသားမှုများရှိ နေသော်လည်း မည်သည့်အဖွဲ့မှ လုပ်ဆောင်သည်ကို ထုတ်ပြန်ခြင်းမရှိသေးသလို သီးခြားအတည်ပြု ၍လည်း မရသေးပေ။

ဓာတ်ပုံ-စမ်းချောင်းမြို့နယ်တစ်နေရာ၏ပုံဟောင်းဖြစ်သည်။
#Ayeyarwaddy_Times