ဧရာဝတီတိုင်းမ်
ဒီဇင်ဘာလ ၂၂ ရက်

ရန်ကုန်တိုင်း၊ တာမွေမြို့နယ်၊ တာမွေကြီး(ခ) ရပ် ကွက် အရှေ့မြင်းပြိုင်ကွင်းနှင့် တောင်မြင်းပြိုင်ကွင်း လမ်းထောင့် မြှားပစ်ကွင်းအမှတ် ၆ ဂိတ်ရှေ့ရဲကင်းကို ယနေ့ ဒီဇင်ဘာလ ၂၂ ရက် မနက် ၆ နာရီ ဝန်း ကျင်က ဗုံးပစ်တိုက်ခိုက်ခဲ့ကြောင်း Freeland Attack Force (FLA)အဖွဲ့ထံမှ သိရှိရသည်။

ရပ်ကွက်ရဲကင်းကို လက်ပစ်ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကာ တိုက်ခိုက်မှုကြောင့် ထိခိုက်မှုတချို့ရှိသော်လည်း အတိအကျမသိရသေးကြောင်း တပ်ဖွဲ့ဝင်တစ်ဦးကပြောသည်။

“ဒီမနက် စစ်ခွေးကင်းကို မနက်စာအဖြစ် မင်းကွတ်သီးနဲ့ ဧည့်ခံခဲ့တာပါ။ ထိခိုက်မှုတော့ရှိတယ်။ သေချာ တော့မသိရသေးဘူး။ လူရှင်းတဲ့ချိန်လုပ်ခဲ့တာ”ဟု FLA အဖွဲ့မှ တာဝန်ရှိသူတစ်ဦးမှ ဧရာဝတီတိုင်းမ်ကို ပြောသည်။

ယင်းတိုက်ခိုက်မှုကြောင့် စစ်ကောင်စီဘက်မှ ၃ ဦးပြင်းထန်ဒဏ်ရာရရှိကြောင်း တပ်အသိုင်းအဝိုင်းနှင့်နီးစပ်သူတစ်ဦးမှ အတည်ပြုပြောသည်။

စစ်ဆင်ရေးကို နိုင်ငံရေးအကျဥ်းသားများအားလုံး အတွက် ကိုယ်စားပြုတိုက်ခိုက်ရေးအဖွဲ့ Freeland Attack Force(FLA)၊ Emerald Girls Army(EGA)၊ Revolution Of 21 Century မဟာမိတ်အဖွဲ့တို့မှ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ် ကြောင်း ထုတ်ပြန်ထားသည်။

ဓာတ်ပုံ-ပုံဟောင်းပြန်လည်အသုံးပြုထားသည်။