ဧရာဝတီတိုင်းမ်
ဒီဇင်ဘာလ ၂၂ ရက်
မြန်မာ့အရေးနဲ့ပတ်သက်တဲ့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီကချမှတ်တဲ့ ဆုံးဖြတ်ချက်ကို မလေးရှားနိုင်ငံ က ကြိုဆိုပြီး အဲဒီဆုံးဖြတ်ချက်ဟာ စစ်တပ်ကအုပ်ချုပ်နေတဲ့ မြန်မာနိုင်ငံအတွက် ငြိမ်းချမ်းသောအဖြေတစ်ရပ် ရှာဖွေရာမှာ အာဆီယံအဖွဲ့ရဲ့ ဗဟိုပြုမှု အခန်းကဏ္ဍမှာ အရေးပါတယ်လို့ ဆိုပါတယ်။
မြန်မာပြည်သူတွေရဲ့ အကျိုးအတွက် ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်ဖော်ဆောင်ရာမှာ တိုးတက်မှုရှိစေဖို့ မလေးရှားနိုင်ငံက အာဆီယံ၊ ပြင်ပမိတ်ဖက်တွေနဲ့ အနီးကပ် လက်တွဲဆောင်ရွက်မယ်လို့ မ လေးရှား နိုင်ငံခြားရေးဝန်ကြီးဌာနက မနေ့က ထုတ်ပြန်ချက်တစ်ခုအတွင်း ပြောကြားခဲ့ပါတယ်။
“မလေးရှားနိုင်ငံဟာ အပ်နှင်းထားတဲ့ တာဝန်တွေ ဖြည့်ဆည်းဆောင်ရွက်ဖို့ ယခင်ကတည်းက ကုလသ မဂ္ဂ လုံခြုံရေးကောင်စီကို တောင်းဆိုခဲ့ပါတယ်။ အာဆီယံ ဘုံသဘောတူညီချက်ငါးရပ် ဖော်ဆောင်ရေးအပါအဝင် အာဆီယံရဲ့ ဉီးဆောင်မှုလုပ်ငန်းစဉ်ကို ထောက်ခံကြဖို့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီက နိုင်ငံတကာအသိုင်းအ ဝိုင်းကို တိုက်တွန်းပါတယ်” လို့ ထုတ်ပြန်ချက်က ဆိုပါတယ်။
ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ဒီဇင်ဘာလ ၂၁ ရက်မှာ ဆုံးဖြတ်ချက်တစ်ရပ် ချမှတ်ခဲ့ပြီး ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ အာဏာသိမ်းပြီးနောက် မြန်မာစစ်တပ်ရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ရှုတ်ချခဲ့တယ်လို့ လူ့ အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ကို ကိုးကားပြီး ဖော်ပြပါတယ်။
ထောက်ခံမဲ ၁၂ မဲ၊ ကြားနေမဲ ၃ မဲနဲ့ အတည်ပြုခဲ့တဲ့ မြန်မာ့အရေး ဆုံးဖြတ်ချက်ဟာ လုံခြုံရေးတပ်ဖွဲ့တွေ ရဲ့ လူသားမဆန်သောရာဇဝတ်မှုတွေ၊ စစ်ရာဇဝတ်မှုတွေကြောင့် မြန်မာ အာဏာသိမ်းစစ်ကောင်စီရဲ့ ပိုပြီး အထီး ကျန်ဆန်လာမှုကို ထင်ဟပ်စေပါတယ်။
၁၉၄၈ ခုနှစ်မှာ မြန်မာနိုင်ငံက ဗြိတိန်ထံမှ လွတ်လပ်ရေးရရှိခဲ့ပြီးနောက်ပိုင်း မြန်မာ့အရေးနဲ့ပတ်သက်တဲ့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ ပထမဆုံးသော ဆုံးဖြတ်ချက်ဖြစ်ပါတယ်။
ကိုးကား – Bernama
Ref; Malaysia supports UNSC resolution on Myanmar