ဧရာဝတီတိုင်းမ်
ဒီဇင်ဘာလ ၂၂ ရက်
ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဉီးဝင်းမြင့် အပါအဝင် မတရား ထိန်းသိမ်းထားသူအားလုံးကို ချက်ချင်း လွှတ်ပေးဖို့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ မနေ့က ဆုံးဖြတ်ချက်က မြန်မာအာဏာသိမ်းစစ်ကောင်စီကို တိုက် တွန်းလိုက်ပါတယ်။
အိန္ဒိယနိုင်ငံက ဉက္ကဌအဖြစ်တာဝန်ယူတဲ့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီဟာ ဗြိတိန်နိုင်ငံက အဆိုပြုတဲ့ မြန်မာနိုင်ငံဆိုင်ရာ ဆုံးဖြတ်ချက်ကို မဲခွဲဆုံးဖြတ်ခဲ့ပါတယ်။
ပဋိပက္ခဘေးသင့် မြန်မာနိုင်ငံရဲ့ အခြေအနေနဲ့ပတ်သက်တဲ့ ပထမဆုံးသော ဆုံးဖြတ်ချက်ကို ချမှတ်ခဲ့တဲ့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးဖို့ အာဏာသိမ်းစစ်ကောင်စီကို တောင်းဆို လိုက်ပါတယ်။
အဖွဲ့ဝင် ၁၅ နိုင်ငံပါ ကုလသမဂ္ဂလုံခြုံရေးကောင်စီဟာ မြန်မာ့အရေးနဲ့ပတ်သက်လို့ ဆယ်စုနှစ်ချီ သဘော ထားကွဲလွဲခဲ့ပြီး ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှာ စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် တရားဝင် ထုတ်ပြန်ချက်တစ် ခုသာ ထုတ်ပြန်ဖို့ သဘောတူနိုင်ခဲ့ပါတယ်။
မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေ ချက်ချင်း အဆုံးသတ်ဖို့ တောင်းဆိုထားတဲ့ ဆုံးဖြတ်ချက်ကို ကုလသ မဂ္ဂ လုံခြုံရေးကောင်စီ အဖွဲ့ဝင် ၁၂ နိုင်ငံက မဲပေးခဲ့ပြီး တရုတ်၊ အိန္ဒိယနဲ့ ရုရှားနိုင်ငံက ကြားနေမဲပေးခဲ့ပါတယ်။
အခုဆုံးဖြတ်ချက်ဟာ မြန်မာနိုင်ငံမှာ သွေးထွက်သံယိုမှုတွေ အဆုံးသတ်ရေးအတွက် ခြေလှမ်းတစ်ရပ် ဖြစ်ပေမယ့် လုပ်ဆောင်စရာတွေ များစွာရှိနေသေးတယ်လို့ ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီး သော မတ်ဂရင်းဖီးက ပြောပါတယ်။
စစ်တပ်က အရေးပေါ်အခြေအနေ ဆက်လက်ပြဌာန်းထားတာကို အလွန်စိုးရိမ်မိပြီး နိုင်ငံရေးအကျဉ်း သားတွေအားလုံး လွှတ်ပေးသင့်တယ်လို့ ဆုံးဖြတ်ချက်က ဆိုပါတယ်။
အိုးအိမ်စွန့်ခွာရသူအရေအတွက် သိသိသာသာ တိုးမြင့်လာပြီး လူသားချင်းစာနာမှု အကူအညီလိုအပ်ချက် များပြားလာကာ ဇူလိုင်လအတွင်း တက်ကြွလှုပ်ရှားသူလေးဉီးအား ကြိးပေးကွက်မျက်တာကို ရှုတ်ချတယ်လို့ ဆုံး ဖြတ်ချက်က ဖော်ပြပါတယ်။
ကိုးကား – ANI
Ref; UNSC calls for Aung San Suu Kyi release in first-ever Myanmar resolution