ဧရာဝတီတိုင်းမ်
ဒီဇင်ဘာလ ၂၁ ရက်
အမျိုးသမီးတွေရဲ့ အခွင့်အရေးနဲ့ပတ်သက်တဲ့ သဘောထားအပေါ် နိုင်ငံတကာရဲ့ ပြစ်တင်ဝေဖန်မှု ဖြစ် လာနိုင်တဲ့ လုပ်ဆောင်ချက်တစ်ရပ်အဖြစ် တာလီဘန်အဖွဲ့က အာဖဂန်အမျိုးသမီးတွေကို တက္ကသိုလ်တွေကို တက်ရောက်ခွင့် ပိတ်ပင်လိုက်ပါတယ်။
နောက်ထပ် သတိပေးချက်တစ်ရပ် မထုတ်ပြန်သရွေ့ အမျိုးသမီးကျောင်းသူတွေကို ပြည်သူနဲ့ ပုဂ္ဂလိက တက္ကသိုလ်တွေကို တက်ရောက်ခွင့်ပိတ်ပင်မယ်လို့ တာလီဘန်အဖွဲ့က ဒီဇင်ဘာလ ၂၀ ရက်မှာ ကြေညာခဲ့ပါတယ်။
အာဖဂန်အမျိုးသမီးတွေကို တက္ကသိုလ်တက်ရောက်ခွင့်ပိတ်ပင်တဲ့ မူဝါဒအပြောင်းအလဲနဲ့ပတ်သက်တဲ့ အကြောင်းပြချက်တွေကိုတော့ တာလီဘန်အဖွဲ့က အသေးစိတ်ရှင်းပြခဲ့ခြင်းမရှိပါဘူး။
ကောင်းမွန်သော ပတ်ဝန်းကျင်ကောင်းတစ်ရပ် မရှိဘူးဟုဆိုကာ ပြီးခဲ့တဲ့နှစ်နှစ်လယ်မှာ အာဏာရရှိလာ ပြီးနောက် တာလီဘန်အဖွဲ့က မိန်းခလေးတွေကို အလယ်တန်းကျောင်းတွေ တက်ရောက်ခွင့် ပိတ်ပင်ခဲ့ပါတယ်။
တာလီဘန်အဖွဲ့ရဲ့ မိန်းခလေးငယ်တွေကို ကျောင်းတက်ရောက်ခွင့်ပိတ်ပင်တဲ့ အဲဒီဆုံးဖြတ်ချက်ကို အ နောက်နိုင်ငံတွေနဲ့ အခြားတိုင်းပြည်တွေက အပြင်းအထန် ပြစ်တင်ရှုတ်ချခဲ့ပါတယ်။
ဒါပေမယ့် အစ္စလာမ္မစ် စစ်သွေးကြွအဖွဲ့တစ်ခုဖြစ်တဲ့ တာလီဘန်က အာဖဂန်အမျိုးသမီးတွေအတွက် တက္ကသိုလ်ပညာရေးကို ဖွင့်လှစ်ထားဆဲဖြစ်ပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာလအတွင်း အမျိုးသမီးအများအပြားက အဆင့်မြင့်ပညာ လေ့လာဖို့ မျှော်လင့်ချက် နဲ့ ကဘူးလ်မြို့တော်မှာ ဝင်ခွင့်စာမေးပွဲ ဖြေဆိုခဲ့ကြပါတယ်။
ကိုးကား – NHK
Ref; Taliban ban Afghan women from attending universities