ဧရာဝတီတိုင်းမ်
ဒီဇင်ဘာလ ၂၁ ရက်

ဧရာဝတီတိုင်း၊ ပုသိမ်မြို့က စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြပွဲမှာ ဦးဆောင်ခဲ့လို့ ပုသိမ်ထောင်မှာ ဖမ်းဆီးခံထားရတဲ့ ကို၀င်းထွန်းနိုင်(ခ)ခေါလေးနဲ့ ကဗျာဆရာ လူဖန်ခါးတို့ကို စွဲဆိုထားတဲ့ပုဒ်မတွေအရ ဒီဇင်ဘာ၂၀နဲ့ ၂၁ ရက်တွေမှာ ထောင်တွင်းတရားရုံးကနေ ထောင်ဒဏ်များထပ်မံချမှတ်လိုက်တယ်လို့ အကျဥ်းဦးစီးဌာနနဲ့နီးစပ်သူတစ်ဦးထံကနေ သိရပါတယ်။

“ထောထောင်တွင်းတရားရုံးမှ ပုသိမ်ခရိုင်တရားသူကြီးဒေါ်လိူင်လိူင်ဝေက ၁၉ရက်နေ့ကကိုလူဖန်ခါး ကို၅၀၅နဲ့ ၂နှစ်ထပ်ချတော့။ သူက အကုန်၂၈ နှစ်နဲ့ ၈လ ကို၀င်းထွန်းနိုင်ကို ၂၀ ရက်နေ့က ပုဒ်မ ၁၂၂၊၁၂၄နှစ်မှုနဲ့ ၁၀နှစ် ချတော့သူက၂၁နှစ်နဲ့၆လ ကျခံရမှာ”လို့ အကျဥ်းဦးစီးဌာနနဲ့နီးစပ်သူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။

အမိန့်ချခံရသူနှစ်ဦးဟာ ပုသိမ်မြို့မှာ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေမှာ မြစ်၀ကျွန်းပေါ်တော်လှန်တပ်ဦးအနေနဲ့ ပါ၀င်လှုပ်ရှားခဲ့သူများဖြစ်ပြီး ကိုလူဖန်ခါးကို ပုသိမ်မြို့မှာ ၂၀၂၁ခုနှစ်မတ်လ၂၉ရက်နေ့ညနေမှာ အရပ်၀တ်စစ်ကောင်စီတပ်သားများကလမ်းပေါ်မှာအကြမ်းဖက်ရိုက်နှက်ကာဖမ်းဆီးခဲ့တာဖြစ်ပြီး ကို၀င်းထွန်းနိုင်ကို ၂၀၂၁ခုနှစ် ဇန်နဝါရိီ၂၇ရက်နေ့မှာရန်ကုန်မြို့ရွှေပြည်သာမြို့နယ်မှာတိမ်းရှောင်နေစဥ်မှာဖမ်းဆီးခံခဲ့ရတာလို့ သူရဲ့မိတ်ဆွေတွေထံကနေသိရပါတယ်။

သူတို့နှစ်ဦးကိုပုသိမ်ထောင်မှာ ထားရှိပြီး စစ်ကောင်စီက ပုဒ်မများစွာတပ်က မတရားထောင်ဒဏ်တွေချမှတ်ခဲ့တာဖြစ်ပြီး ကဗျာဆရာလူဖန်ခါးကို ပုဒ်မ၅၀၅ (က)ကိုနှစ်မှုတပ်ပြီး ထောင်ဒဏ်၄နှစ်၊ ပုဒ်မ ၅၀၅/၃၃၂နဲ့ထောင်ဒဏ်၂နှစ်၊ပုဒ်မ၁၂၂/၁၂၄နဲ့ထောင်ဒဏ်အနှစ်၂၀၊ဘေးစီမံ ၂၅ အရထောင်ဒဏ်၂နှစ်၊ပုဒ်မ၁၈၈နဲ့ထောင်ဒဏ်၂လအပါအ၀င်a ထောင်တွင်း ဥပဒေ ချိုးဖောက်တယ်ဆိုပြီး ပုဒ်မ၄၂အရထောင်ဒဏ် ၆ လနဲ့စုစုပေါင်း၂၈နှစ်နဲ့ ၈လချမှတ်ခဲ့တာဖြစ်ပါတယ်။

ကို၀င်းထွန်းနိုင်ကိုနိုင်ငံတော်ပုန်ကန်မှုပုဒ်မ၁၂၂၊၁၂၄နဲ့ထောင်ဒဏ်၁၀နှစ်၊ပုဒ်မ၅၂(က)နဲ့ထောင်ဒဏ် ၅နှစ်၊ ပုဒ်မ၅၀၅/၃၃၂နဲ့ထောင်ဒဏ်၃နှစ်၊ဘေးစီမံ ၂၅ အရထောင်ဒဏ်၂နှစ်၊ ထောင်တွင်း ဥပဒေ ချိုးဖောက်တယ်ဆိုပြီး ပုဒ်မ၄၂အရထောင်ဒဏ် ၆ လအပါအ၀င်စုစုပေါင်း၂၁ နှစ်နဲ့ ၆ လ ကျခံဖို့အမိန့်ချမှတ်ခံခဲ့ရတာလို့ ရှေ့နေအသိုင်းအဝိုင်းနှင့် နီးစပ်သူများ ထံမှသိရပါတယ်။

#ပုသိမ် #ကဗျာဆရာလူဖန်ခါး #ကိုဝင်းထွန်းနိုင် #ထောင်ဒဏ် #ချမှတ်
#Ayeyarwaddy_Times