ဧရာဝတီတိုင်းမ်
ဒီဇင်ဘာလ ၂၁ ရက်

စစ်ကောင်စီရုံးစိုက်ရာ နေပြည်တော်ကောင်စီနယ်မြေ ဇဗ္မူသီရိမြို့နယ်ရှိ သုခတော်ဝင်အိမ်ရာတွင် အငြိမ်း စားဗိုလ်မှူးဆိုသူမှ ၄င်းရဲ့အငယ်မယားဖြစ်သူ အမျိုးသမီးကို ထိုးကြိတ်ရိုက်နှက်၍ ခန္ဓာကိုယ်အား၎င်း၏ကားဖြင့်တက် ကြိတ်မှုဖြစ်ပွားခဲ့ကြောင်း အိမ်ရာတွင်းနေထိုင်သူတစ်ဦးမှပြောသည်။

လုပ်ဆောင်ခဲ့သူမှာ စစ်ကောင်စီတပ်မှအရပ်ဘက်ပြောင်း ရွှေ့ထားသည့် အငြိမ်းစား ဗိုလ်မှူး ပြည့်ဖြိုးအောင်ဆိုဖြစ်ပြီး ဒီဇင်ဘာ ၁၈ ရက်နေ့ ည ၁၂ နာရီအချိန်ခန့်က အဆို ပါတန်ဖိုးနည်း သုခတော်ဝင်အိမ်ယာ တိုက်ခန်းတွင်ထားရှိသည့် ၄င်း၏ အငယ်မယားဖြစ်သူကို အရက်မူး၍ ကျူး လွန်ခြင်းဖြစ်သည်ဟု ဆိုသည်။

“ဆူညံသံတွေကြားလို့ ဆင်းကြည့်တော့ ကောင်မ လေးက မြေကြီးပေါ်မှာ လိမ့်နေတာ။ ပထမက ကားပေါ်ကဆင်းပြီး တက်ခွပြီး ထိုးကြိတ်နေတာအပေါ်ကနေ။ ပြီးတော့ ကားပေါ်တက်သွားပြီးတော့ ကားနဲ့တက်ကြိတ်တာ။ အဲဒီလောက်လုပ်လိမ့်မယ် မထင်တာ။ နောက်ပြန်ဆုတ်ပြီး ထပ်ခါထပ်ခါ တက်ကြိတ်တာ။ လူတွေက ဝိုင်းအော်တားတော့မှ ရပ်ပြီး တခြားသူတွေကိုပါ ရန်လုပ်တာ။ မူးလည်းမူးနေတယ်။ ခံရတဲ့သူကို မိန်းမချင်းကိုယ်ချင်းစာပေမယ့် ဗိုလ်ကိုမှ မယားငယ်လုပ်ချင်နေသူတွေအနေနဲ့ ဥပမာဖြစ်စေချင်တယ်။ ဒါကိုမှအထင်ကြီးကြတာကိုး။ ခုအိမ်ရာက မယားငယ်အိမ်ရာလို့ပြောင်းရမလိုဖြစ်နေပြီ” ဟု မျက် မြင်တွေ့ရှိသူ အမျိူးသမီးတစ်ဦးမှ ဧရာဝတီတိုင်းမ်ကိုပြောသည်။

အဆိုပါ အသက် ၂၆ နှစ်အရွယ်ရှိ အမျိုးသမီးကို ယင်းသုခတော်ဝင်အိမ်ရာတွင် အိမ်ငှားပေးထားခြင်းဖြစ်ပြီး တရားမဝင်ပေါင်းသင်းနေထိုင်သူဖြစ်ကြောင်းနှင့် ကျူး လွန်သူမှာ အရက်မူး၍ မကြာခဏရိုက်နှက်လေ့ရှိကြောင်း အနီးပတ်ဝန်းကျင်ရှိနေထိုင်သူများမှပြောသည်။

ယင်းသုခတော်ဝင်အိမ်ရာသည် နေပြည်တော်ရှိအစိုးရ ဝန်ထမ်းများအတွက် တန်ဖိုးနည်းအိမ်ရာအဖြစ် အရစ်ကျငွေသွင်းဝယ်ယူနိုင်ရန် စီစဥ်ပေးထားသည့်အိမ်ရာဖြစ်ပြီး ယခုလက်ရှိတွင် လက်သင့်ရာ ဝယ်ယူနေထိုင်သူများနှင့် အထက်အရာရှိပိုင်းများမှ တရားမဝင်ဇနီးများကို လာရောက် နေထိုင်စေကြောင်း သိရှိရသည်။

#နေပြည်တော် #အငြိမ်းစားဗိုလ်မှူး #ထိုးကြိတ်ရိုက်နှက် #Ayeyarwaddy_Times