ဧရာဝတီတိုင်းမ်
ဒီဇင်ဘာလ ၂၁ ရက်

စစ်ကောင်စီရုံးစိုက်ရာ နေပြည်တော်ကောင်စီနယ်မြေ၊ ဥတ္တရသီရိမြို့နယ်၊ ရွှေနံ့သာရပ်ကွက် V4 လမ်းဆုံရှိ စစ်ကောင်စီစစ်ရေးဂိတ်ကို နေပြည်တော် ပ.က.ဖအဖွဲ့မှ ဗုံးခွဲတိုက်ခိုက်ခဲ့ကြောင်း ယနေ့တွင် ထုတ်ပြန်ထားသည်။

အဆိုပါစစ်ဆေးရေးဂိတ်ကို ဒီဇင်ဘာ ၁၉ ရက်နေ့ ည ၁၀ နာရီခွဲအချိန်က လက်ပစ်ဗုံးဖြင့် တိုက်ခိုက်ခဲ့ခြင်း ဖြစ်ပြီး ထိခိုက်မှုနှင့်ပတ်သက်မသိရသေးကြောင်း PDF တာဝန်ရှိသူကပြောသည်။

“ကျွန်တော်တို့ ရဲဘော်တွေအတွက် ရရင်ရသလိုလက် စားချေတုံ့ပြန်သွားမှာပါ။ ဂိတ်ကို လက်ပစ်ဗုံးနဲ့ တိုက်ခိုက်ခဲ့တာပါ။ထိခိုက်မှုကိုတော့ မသိရသေးဘူး။ သတင်းတွေကိုအချိန်နဲ့တစ်ပြေးညီမထုတ်ပြန်နိုင်တာကို နားလည်ပေးကြပါ” ဟု နေပြည်တော် ပ.က.ဖ အဖွဲ့မှတာဝန်ရှိသူတစ်ဦးကဧရာဝတီတိုင်းမ်ကိုပြောသည်။

တိုက်ခိုက်ခံရမှုနှင့်ပတ်သက်ပြီးနေပြည်တော်တပ်အသိုင်း အဝိုင်းနှင့်နီးစပ်သူတစ်ဦးမှ “ဂိတ်ကို တိုက်ခိုက်ခံရတာဟုတ်ပါတယ်။ ဒီထဲဖြစ်ရင် တော်ရုံသတင်းမထွက်စေရဘူး။ ဖုံးဖုံးဖိဖိပဲ ထိရင်လည်း လူမသိလိုက်ဘူး သေကြတာ။ ခုလည်း ထိခိုက်တာရှိတယ်။ သေချာတော့ မသိရသေးဘူး သေလားရှင်လားဆိုတာတော့”ဟု အတည်ပြုပြောဆိုသည်။

ယင်းစစ်ဆင်ရေးကို နေပြည်တော် ပြည်သူ့ကာကွယ် ရေးအဖွဲ့ (ပ.က.ဖ)နှင့် လယ်ဝေးမြို့နယ် ပြည်သူ့ကာ ကွယ်ရေးအဖွဲ့တို့မှ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

#နေပြည်တော် #စစ်ဆေးရေးဂိတ် #တိုက်ခိုက်ခံရ #NPTPDF #Ayeyarwaddy_Times