ဧရာဝတီတိုင်းမ်
(မုံရွာ) ၊ ဒီဇင်ဘာလ ၂၁ ရက်

စစ်ကိုင်းတိုင်း ၊ မုံရွာမြို့ပေါ်ကို ဈေးလာဝယ်တဲ့ စစ်အုပ်စုလက်အောက်ခံ ရဲ ၃ ဦးကို ဒီဇင်ဘာလ ၂၀ ရက် မနေ့ နေ့လည် ၂ နာရီ ၄၀ မိနစ်ခန့်မှာဒေသကာကွယ် ရေးတပ်ဖွဲ့တွေဘက်က ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။

ပစ်ခတ်တိုက်ခိုက်မှုအတွင်း ရဲတပ်ဖွဲ့ဝင် ၁ ဦး နေရာတွင်ပွဲချင်းပြီး သေဆုံးကာ ကျန် ၂ ဦးမှာ ထိခိုက်ဒဏ်ရာတွေနဲ့ ထွက်ပြေးလွတ်မြောက်သွားကာ ရဲတွေဆီကနေ MA 13 ၁ လက်၊ ကျည်ဘောက် ၁ ခု ၊ ၉ မမ ကျည် ၁၅ တောင့်တို့ကို သိမ်းဆည်းရမိခဲ့တယ်လို့ Special Forces-11 တပ်ဖွဲ့တာဝန်ခံကပြောပါတယ်။

“နေ့လည် ၂နာရီမှာ ဈေးလာဝယ်တဲ့ ရဲ ၃ ကောင်ကိုရှင်းတယ်။ ရဲ ၃ ကောင်က ၁ ကောင်က နေရာမှာ ပွဲ ချင်းပြီးသေတယ်။ကျန်တဲ့ ၂ကောင်က ဒဏ်ရာတွေနဲ့ သွေးရူးသွေးတန်းနဲ့ ပြေးသွားတယ်” လို့ Special forces- 11 တပ်ဖွဲ့တာဝန်ခံ ကိုပီကေ က ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။

သေဆုံးခဲ့တဲ့ ရဲတပ်ဖွဲ့ဝင်ရဲ့အလောင်းနဲ့ ဒဏ်ရာရ ရဲ တပ်ဖွဲ့ဝင် ၂ ဦးကို သယ်ဆောင်လာတဲ့ လူနာတင်ယာဥ်ကို ညနေ ၅ နာရီဝန်းကျင်လောက်က မုံရွာ-ချောင်းဦးလမ်းပိုင်းတစ်နေရာမှာ ပဒေသာ ၅ လုံးနဲ့ ထပ်မံမိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။

”ညနေ ၄နာရီ ၅၆ မိနစ်မှာတော့ အလောင်းနဲ့ ဒဏ်ရာရ ၂ကောင်ကိုသယ်ပြီးပြန်လာတဲ့ကားကို မုံရွာ-ချောင်းဦးလမ်းပိုင်းတစ်နေရာမှာ ပဒေသာ ၅လုံးနဲ့ ထပ်ပြီးမိုင်းဆွဲတိုက်ခိုက်ခဲ့တာ”လို့ သူကဆက်လက်ပြောပါတယ်။

စစ်ကောင်စီကိုထပ်မံတိုက်ခိုက်မယ့် စစ်ဆင်ရေးမစ်ရှင်တွေလုပ်ဆောင်ဖို့ မိုင်းအလုံး ၃၀၀ အတွက် မဲလက်မှတ်တွေ ရောင်းချသွားဖို့ စီစဥ်နေတာဖြစ်လို့ ပြည်တွင်းပြည်ပက မိဘပြည်သူများအနေနဲ့ ဝိုင်းဝန်းပြီး ပါဝင်ကူညီပေးကြဖို့တိုက်တွန်းတယ်လို့လည်း ပြောပါတယ်။

အဲ့ဒီတိုက်ခိုက်မှုတွေကို Special Forces-11 တပ်ဖွဲ့က ဦးဆောင်ပြီး မုံရွာမြို့နယ် (ပ.က.ဖ) ၊ မုံရွာမြို့နယ် (ပ.လ.ဖ) ရဲဘော်တွေပူးပေါင်းဆောင်ရွက်ခဲ့တာဖြစ်ကာ တော်လှန်ရေး ရဲဘော်တွေ အထိအခိုက်မရှိပဲ ပြန် လည်ဆုတ်ခွါနိုင်ခဲ့တယ်လို့ သိရပါတယ်။

#Ayeyarwaddy_Times