ဧရာဝတီတိုင်းမ်
ဒီဇင်ဘာလ ၂၀ ရက်
ကချင်ပြည်နယ်၊ရွှေကူမြို့နယ် အခြေစိုက် အမှတ် ၆၀၂ ခြေမြန်တပ်ရင်း( ခမရ ၆၀၂ ) မှစစ်ကောင်စီတပ်ကြပ်ကြီး/စာရေး ၁ ဦး ဒီဇင်ဘာလ ၁၂ ရက်နေ့က အလင်းဝင်ရောက်ပူးပေါင်းလာကြောင်း ချင်းကာကွယ်ရေးတပ်ဖွဲ့ CDF- Daai ယမန်နေ့တွင် ထုတ် ပြန်သည်။
အလင်းဝင်ရောက်ပူးပေါင်းလာသူမှာ စစ်ကောင်စီတပ် တပ်ကြပ်ကြီး/စာရေး ထန်မားဆိုသူ ဒိုင်လူမျိုး ဖြစ်ကာစစ်ကောင်စီလက်အောက်တွင် ဆက်လက်တာဝန်ထမ်းဆောင်လိုခြင်း မရှိတော့သဖြင့် ပလက်ဝဒေသအခြေစိုက် CDF-Daai သို့ဆက်သွယ်ကာ အလင်းဝင်လာခြင်းပြီး ၄င်းအား လွတ်မြောက်နယ်မြေသို့ ပို့ ဆောင်ခဲ့ပြီး ဖြစ်ကြောင်းသိရသည်။
“အခုအလင်းဝင်လာတဲ့ စကစတပ်သားက ကျနော်တို့ ဒိုင် လူမျိုးဖြစ်ပြီးတော့ တပ်ထဲဝင်တာ ၇ နှစ်ကျော်ရှိပြီ။ ဒီဘက်က သူ့ဆွေမျိုးတွေနဲ့ချိတ်ဆက်ပြီး ကျနော်တို့ဆီကို အလင်းဝင်ရောက်လာနိုင်ခဲ့တယ်။ စကစတပ်သားထဲက ကျနော်တို့ဆီ အလင်း ဝင်လာတာ အခုက ၅ဦးမြောက်ဖြစ်တယ်။ ကျနော်တို့ဆီ အလင်းဝင်လာချင်တဲ့သူကို အချိန်မရွေးနွေးထွေးစွာ ကြိုဆိုတယ်”ဟု CDF-Daai ပြန်ကြားရေးတာဝန်ခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
စစ်ကောင်စီတပ်မှ CDF-Daai ထံသို့အလင်းဝင်လာသူ ၅ ဦးထိရှိနေပြီး အာဏာသိမ်း စစ်ကောင်စီလက် အောက်တွင် တာဝန်ထမ်းဆောင်လိုခြင်းမရှိသဖြင့် ပြည်သူ့ထံအလင်းဝင် ခိုလုံလိုသူများကို CDF-Daai အနေဖြင့် နွေးထွေးစွာကြိုဆိုလျှက်ရှိကြောင်းသိရသည်။
ခမရ ၆၀၂ သည် စစ်ကောင်စီတပ်၏ အမှတ် ၂၁ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်(စကခ ၂၁) လက် အောက် ခံတပ်ရင်းတစ်ခုပြီး စကခ ၂၁ နှင့် လက် အောက်ခံတပ်ရင်းများသည် ရှမ်းပြည်နယ်(မြောက်ပိုင်း)တွင် တိုက်ခိုက်ရေးဝင်ရောက်နေသည့်တပ်ရင်းများဖြစ်ကြောင်းသိရသည်။
#ခမရ ၆၀၂ #စစ်ကောင်စီတပ် #တပ်ကြပ်ကြီး/စာရေး #CDM #ပူးပေါင်း #AyeyarwaddyTimes