ဧရာဝတီတိုင်းမ်
ဒီဇင်ဘာလ ၂၀ ရက်
စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ တည်သီးတောကျေး ရွာရှိ ပျူစောထီးအဖွဲ့ဝင်များကို ယမန်နေ့ ဒီဇင်ဘာ လ ၁၉ ရက်နေ့က ပါဆယ်မိုင်းပေးပို့၍ ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း မဟူရာရွှေဘိုသား PDF တပ်ဖွဲ့ထံမှ သိရှိရသည်။
ယမန်နေ့ နံနက် ၇ နာရီနှင့် နေ့လည် ၁၂ နာရီဝန်းကျင်အချိန်ခန့်တွင် တည်သီးတောအပါအဝင် ပျူရွာ ၂ ရွာရှိ ပျူစောထီးများကို ပါဆယ်မိုင်းပို့ပြီး အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲခဲ့ရာ ၁ ဦးသေဆုံးပြီး ၁ ဦးပြင်းထန်ဒဏ်ရာရရှိကြောင်း သိရှိရသည်။
“တည်သီးတောပျူရွာက ပျူတွေကို ပါဆယ်မိုင်းပို့ပြီး အဝေးထိန်းမိုင်းနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တာ တစ်ယောက်သေတယ်။တစ်ယောက်ကပြင်းတယ် ထိသွားတာ။ ရွာထဲမှာ သောင်းကျန်းနေတာ သူတို့က။ နှစ်ကြိမ်ဖောက်ခွဲ တိုက်ခိုက်ခဲ့တာပါ။ထိသူတွေအတိ အကျတော့မသိရသေးဘူး၊ ဆေးကုဖို့ဆေးဆရာပင့်တာ မလိုက်လို့ သေနတ်နဲ့ခြိမ်းခြောက်ခေါ်သွားတယ်လို့လည်း သိရတယ် ” ဟု မဟူရာရွှေဘိုသားပြည်သူ့ကာကွယ်ရေးအဖွဲ့တာဝန်ရှိ သူတစ်ဦးမှ ဧရာဝတီတိုင်းမ်ကို ပြောသည်။
တည်သီးတောကျေးရွာနှင့် ညောင်ကိုင်းကျေးရွာရှိ ပျူအဖွဲ့ဝင်များကို ပါဆယ်မိုင်းပေးပို့၍ တိုက်ခိုက်ခဲ့ခြင်းကြောင့် ထိခိုက်မှုများရှိ ကြောင်းသိရှိရပြီး ထိခိုက်သေ ဆုံးမှုအတိအကျကိုမူ သီးခြားအတည် ပြု၍ မရသေးပေ။
အဆိုပါတိုက်ခိုက်မှုကို မဟူရာရွှေဘိုသားပြည်သူ့ကာ ကွယ်ရေးအဖွဲ့နှင့် တိုက်နယ် ၂ မဟာမိတ်ညီ နောင်ရဲဘော်များမှ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ် ကြောင်း ထုတ်ပြန်ထားသည်။