ဧရာဝတီတိုင်းမ်
ဒီဇင်ဘာလ ၂၀ ရက်
စစ်ကိုင်းတိုင်း၊ မြောင်မြို့ပေါ်ရှိ စစ်ကောင်စီတပ်သား များ တပ်စွဲထားသည့် ရဲစခန်း၊ ထွေအုပ်ရုံး၊ ဝန်ထမ်းအိမ်ရာနှင့် စစ်ကောင်စီတပ်သားများ ကင်းပုန်းဝပ်နေ သည့် နေရာများကို ယမန်နေ့က တစ်ပြိုင်နက်တိုက် ခိုက်ခဲ့ကြကြောင်း ဒေသကာကွယ်ရေးတပ်ဖွဲ့ထံမှ သိရှိရသည်။
ယမန်နေ့ ဒီဇင်ဘာ ၁၈ ရက်နေ့ ည ၉ နာရီခွဲအချိန်ခန့်က မြောင်မြို့ပေါ်ရှိ စစ်ကောင်စီတပ်သားများ အထိုင်ချသည့် နေရာ ၄ နေရာသို့ အလစ်ငိုက်ဝင်ရောက်တိုက်ခိုက်ရာ ဝန်ထမ်းအိမ်ရာမှ စစ်ကောင်စီတပ်သား ၃ ဦးသေဆုံးပြီး ၅ ဦးဒဏ်ရာရခဲ့ကြောင်း သိရသည်။
“နာရီဝက်ကြာ အပြန်အလှန်ပစ်ခတ်မှုတွေဖြစ်ခဲ့တယ်။ အဲဒီအချိန်ကို စောင့်ဆိုင်းပြီး plan ချပြီး တိုက်ခိုက်ခဲ့တာပါ။ စစ်ခွေးတွေက ဘောလုံးပွဲကိုအာရုံရောက်နေကြချိန် နေရာ ၄ ခုကိုတစ်ပြိုင်တည်းလက်နက်ကြီးနဲ့ရော လက်နက် ငယ်တွေနဲ့ရော တိုက် ခိုက်ခဲ့ကြတာပါ။ သေဆုံးမှုများနိုင်တယ်ဗျ။ အတိ အကျတော့ မပြောနိုင်သေးဘူး”ဟု MRA အဖွဲ့မှ ဧရာဝတီတိုင်းမ်ကို ပြောသည်။
တိုက်ခိုက်မှုအတွင်း လက်နက်ကြီး ၆၇ လုံးဖြင့်မြောင်မြို့ပေါ်ရှိ စစ်ကောင်စီ တပ်စွဲထားသည့် ရဲစခန်း၊ ထွေအုပ်ရုံး၊ ဝန်ထမ်းအိမ် ရာနှင့် ကင်းပုန်းဝပ်နေသည့်နေရာများရှိ တပ်ဖွဲ့ဝင်များအား ပစ်ခတ်ခဲ့ပြီး ၃ ယောက်သေဆုံးခဲ့ခြင်းဖြစ်သည်။
ယင်းစစ်ဆေးရေးကို စစ်ကိုင်းခရိုင်တပ်ရင်း (၅) MRA နှင့်အတူ မြောင် ပ.က.ဖ၊ မန္တလေးခရိုင်တပ်ရင်း (၆) MNPDF၊ မုံရွာခရိုင်တပ်ရင်း (၁၂) တပ်ခွဲ (၃) ၊ မြင်းခြံခရိုင်တပ်ရင်း (၆) တပ်ခွဲ (၁) NYSGF၊ ဇာမဏီပျောက်ကျားတပ်ဖွဲ့တို့မှ ပူးပေါင်း တိုက်ခိုက်ခဲ့ကြကြောင်း သိရှိရသည်။
#Ayeyarwaddy_Times