ဧရာ၀တီတိုင်းမ်
ဒီဇင်ဘာလ ၁၉ ရက်
စစ်ကိုင်းတိုင်း၊စစ်ကိုင်းမြို့နယ်၊ဆားတောင်မြို့၊ညောင်ငုတ်တိုကျေးရွာရှိ စစ်ကောင်စီတပ်စွဲထားသည့် ပျူစောထီးစခန်းကို ယမန်နေ့ ဒီဇင်ဘာ၁၉ရက်၊မနက် ၄ နာရီအချိန်ခန့်တွင် ပြည်သူ့ကာကွယ်ရေးမဟာမိတ်တပ်ပေါင်း စုက စီးနင်းတိုက်ခိုက်ခဲ့ရာ
တိုက်ပွဲပြင်းထန်ခဲ့ကြောင်း သိရသည်။
အဆိုပါတိုက်ပွဲအတွင်း စစ်အုပ်စုဘက်မှ ၁၁ ဦးသေ ဆုံးခဲ့ပြီးစစ်ကောင်စီတပ်ဘက်မှအထိနာသဖြင့် တိုက် ခိုက်ရေးရဟတ်ယာဥ်တစ်စီးဖြင့် လေကြောင်းပစ်ကူရောက်ရှိလာကာ လိုက်လံပစ်ခတ်ခဲ့သည်ဟု PDF တာဝန်ရှိသူတစ်ဦးကပြောသည်။
” မနေ့ မနက်အစောကြီး ဆားတောင် ညောင်ငုတ်တိုပျူစခန်းကိုအလစ်ဝင်စီးတာလို့ တိုက်ပွဲဖြစ်တယ်။ စခအုပ်စုဘက်က ၁၁ ယောက်သေတယ်။ မြေပြင် စခ၊ပခ တွေကို မောင်းထုတ်နေတုန်း ဝေဟင်က mi35နဲ့ မနက် ၈ နာရီလောက်မှာ လာပစ်သွားတာ” ဟု စစ်ကိုင်းခရိုင် PDF တပ်ရင်း ၂ တာဝန်ရှိသူတစ်ဦးကဧရာဝတီတိုင်းမ်ကိုပြောသည်။
တိုက်ပွဲအတွင်း PDF ဘက်မှ စစ်ကိုင်းခရိုင် PDF တပ် ရင်း၂ တပ်ခွဲ ၁ တပ်စိတ်မှူး ဗိုလ်ကသာ ကျည်ဆံထိမှန်ကျဆုံးခဲ့ကာ အခြားတပ်ဖွဲ့ဝင် ၁ ဦးလည်းဒဏ်ရာရရှိခဲ့သည်ဟုဆိုသည်။
” တိုက်ပွဲမှာ စစ်ကိုင်းခရိုင် ပြည်သူ့ကာကွယ်ရေးတပ် မတော်တပ်ရင်း(၂)တပ်ခွဲ(၁)တပ်စိပ်မှူး ဗိုလ်ကသာ ကျည်ထိမှန် ကျဆုံးသတင်း ရောက်လာတယ်။ ကိုကသာက စစ်ပညာသင် တစ်ပတ်စဉ်ထဲ(တပ်မဟာ ၈ အပတ်စဥ် ၄ ဆင်း) ဖြစ်ပါတယ်။ တာဝန်ထမ်းဆောင်ပြီး အာဏာရှင်မောင်းထုတ်တဲ့ တိုက်ပွဲမှာ ကျဆုံးခဲ့ရတယ်။ နွေဦးတော်လှန်ရေး အရေးတော်ပုံ အောင်မြင်ရေးအတွက် အသက်ပေးစွန်လွှတ် တိုက်ပွဲဝင်သွားတာကို မှတ်တမ်းတင်ပါတယ်။ ကျန်နေသေးတဲ့ အာဏာရှင်တော်လှန်ရေးမှာ နှစ်ဆတိုးလို့ ရဲဘော်တို့အတွက်ပါ သွေးကြွေးဆပ် တိုက်ပွဲဝင်သွားပါမယ်”ဟု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၀င် တစ်ဦးကဧရာ၀တီတိုင်မ်း သို့ပြောသည်။
ညောင်ငုပ်တိုရွာ စစ်ကောင်စီ ပျူစောထီးစခန်းကို စစ်ကိုင်းခရိုင် တပ်ရင်း (၂)၊ စစ်ကိုင်းခရိုင် တပ်ရင်း (၃)၊ စစ်ကိုင်းမြိုနယ် ပ.က.ဖ ၊ နယ်မြေခံ LPDF နှင့် PDF များ ပါဝင်သော မဟာမိတ်တပ်ပေါင်းစုမှ စီးနင်းတိုက်ခိုက်ခဲ့ရာ တိုက်ပွဲ အပြင်းအထန်ဖြစ်ပွားခဲ့ ကြောင်းသိရသည်။
#စစ်ကိုင်း #ဆားတောင် #ပျူစခန်း #အလစ်ဝင်တိုက် #စစ်ကောင်စီတပ် #သေဆုံး #AyeyarwaddyTimes