ဧရာဝတီတိုင်းမ်
ဒီဇင်ဘာလ ၂၀ ရက်

စစ်အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင် မွန် ပြည်နယ်၊ မော်လမြိုင်မြို့ကို ဒီကနေ့မနက်ပိုင်းမှာ ရောက်ရှိ နေလို့ မော်လမြိုင်မြို့မှာ စစ်ဆေးမှုတင်းကြပ်နေပြီး မြို့နဲ့တဝိုက်ကို လုံခြုံရေးတင်းကြပ်ထားတယ်လို့ သိရပါတယ်။

လက်ရှိမှာ စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဟာ မော်လမြိုင်မြို့ ပြည်နယ်လွှတ်တော် အဆောက်အဦ အသစ်ဖွင့်ပွဲကို တက်ရောက်နေတယ်လို့ သိပါတယ်။

”ဒီမနက် ၇ ခွဲလောက်ကရောက်တယ်။ဒီမနက် ၁၀ နာရီ လောက်အထိက လွှတ်တော် အဆောက်အဦ အသစ်ဖွင့်ပွဲလုပ်နေတယ်။ ဘယ်ကိုဆက်သွားမယ်တော့မသိရသေးဘူး။မနေ့ကထဲက သူ့လမ်းကြောင်း ရှိလို့ သူတို့(စစ်ကောင်စီတပ်သား)တွေမြို့ထဲခြေတွေရှုပ်နေတာ။ လေယာဉ်အတက်၊ အဆင်းတွေ လည်းများနေတယ်။ မြို့ကိုလည်းလုံခြုံရေးတင်းကြပ်ပြီး အစစ်အဆေးတွေများနေတယ် ” လို့ ပြည် နယ်စစ်ကောင်စီ နဲ့နီးစပ်တဲ့ မြို့ခံတစ်ဦးကဧရာဝတီတိုင်းမ်ကိုပြောပါတယ်။

မော်လမြိုင်မြို့ဟာစစ်ကောင်စီတပ်ရဲ့ အရှေ့တောင် တိုင်းစစ်ဌာနချုပ်(ရတခ)စစ်တိုင်းအခြေစိုက်ရာမြို့ဖြစ်ပြီး စစ်ကောင်စီတပ်ရင်းအင်အားအများအပြားရှိတဲ့မြို့လည်းဖြစ်ပါတယ်။

ဓာတ်ပုံ – အောက်တိုဘာလအတွင်းက စစ်ခေါင်း ဆောင်မင်းအောင်လှိုင် မော်လမြိုင် ရတခ စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့်တွေ့ဆုံစဥ်။

#AyeyarwaddyTimes