ဧရာဝတီတိုင်းမ်
ဒီဇင်ဘာလ ၂၀ ရက်

အကြမ်းဖက်မှုတွေ ချက်ချင်း ရပ်တန့်ဖို့ တောင်းဆိုပြီး ထိန်းသိမ်းခံထားရတဲ့ခေါင်းဆောင် ဒေါ်အောင် ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေအားလုံး လွှတ်ပေးဖို့ အာဏာသိမ်းစစ်ကောင်စီကို တိုက်တွန်း ထားတဲ့ ဆုံးဖြတ်ချက်မူကြမ်းတစ်ရပ်ကို ကုလသမဂ္ဂ လုံခြုံရေးကောင်စီက မနက်ဖြန်မှာ မဲခွဲဆုံးဖြတ်ဖွယ်ရှိတယ် လို့ သံတမန်တွေက ပြောပါတယ်။

ပြီးခဲ့တဲ့နှစ် ဖေဖော်ဝါရီလအတွင်း စစ်တပ်က ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရွေးကောက်ခံအစိုးရကို ဖြုတ်ချကာ တာဝန်ရှိသူတွေကို ထိန်းသိမ်းပြီး ဒီမိုကရေစီဆန္ဒပြပွဲတွေကို အကြမ်းဖက်ဖြိုခွင်းမှုတွေကြောင့် မြန်မာနိုင်ငံမှာ အကျပ်အတည်းတစ်ရပ် ဖြစ်နေခဲ့တာပါ။

အာဏာသိမ်းစစ်ကောင်စီကို အပြင်းအထန် အရေး ယူရာမှာ တရုတ်နဲ့ရုရှားက ကာကွယ်ပေးနေတာ ကြောင့် အဖွဲ့ဝင် ၁၅ နိုင်ငံပါ ကုလသမဂ္ဂ လုံခြုံရေးကောင်စီက မြန်မာ့အရေးနဲ့ပတ်သက်လို့ သဘော ထားကွဲလွဲနေတယ်လို့ သံတမန်တွေက ပြောပါတယ်။

စစ်တပ်က ရိုဟင်ဂျာ ၇၀၀၀၀၀ ကျော် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးစေခဲ့တဲ့ ၂၀၁၇ ခုနှစ် ရိုဟင်ဂျာ တွေအပေါ် အကြမ်းဖက်နှိမ်နင်းမှုကို ကန့်ကွက်တဲ့ ထုတ်ပြန်ချက်တွေနဲ့ပတ်သက်ပြီး ကုလသမဂ္ဂ လုံခြုံရေး ကောင်စီက သဘောတူညီမှုရရှိခဲ့တာပါ။

ရိုက်တာသတင်းဌာနက ရရှိခဲ့တဲ့ ကနဉီးဆုံးဖြတ် ချက်မူကြမ်းမှာ မြန်မာစစ်တပ်သို့ စစ်လက်နက်လွှဲ ပြောင်းပေးမှု ချက်ချင်း အဆုံးသတ်ဖို့နဲ့ ကုလသမဂ္ဂက ဒဏ်ခတ်အရေးယူဖို့ ပါဝင်ခဲ့ပေမယ့် အဲဒီစာသားတွေကို ဖယ်ရှားပစ်ပါတယ်။

ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်မူကြမ်းကို အတည်ပြုဖို့ ရုရှား၊ တရုတ်၊ အမေရိကန်၊ ပြင် သစ် သို့မဟုတ် ဗြိတိန်နိုင်ငံတွေက ဗီတိုအာဏာနဲ့ ပယ်ချလို့မရဘဲ အဖွဲ့ဝင်ကိုးနိုင်ငံက မဲပေးဖို့ လိုအပ်ပါတယ်။

လက်သင့်ခံနိုင်စရာမရှိတဲ့ ဆုံးဖြတ်ချက်မူကြမ်းကို အတည်ပြုပါက မြန်မာအာဏာပိုင်တွေ မပူးပေါင်းမှာ ကို မော်စကိုက စိုးရိမ်တယ်လို ကုလသမဂ္ဂဆိုင် ရာ ရုရှားသံအမတ်ကြီး ဗက်ဆလီနီဘန်ဇီယာက ပြောပါတယ်။

ဆုံးဖြတ်ချက်မူကြမ်းမှာ အာဏာသိမ်းထားတဲ့ စစ်တပ်က ပြဌာန်းထားတဲ့ အရေးပေါ်အခြေအနေနဲ့ မြန် မာပြည်သူတွေအပေါ် ဆိုးရွားတဲ့ အကျိုးသက်ရောက်မှုတွေကို အလွန်အမင်း စိုးရိမ်တယ်လို့ ဖော်ပြပါတယ်။

အာဆီယံက သဘောတူထားတဲ့ ဘုံသဘောတူညီချက် အကောင်အထည်ဖော်ရေး ချက်ချင်း အရေး ယူဖို့နဲ့မြန်မာပြည်သူတွေရဲ့ဆန္ဒနဲ့အညီ အပြုသဘော ဆောင်တဲ့ တွေ့ဆုံဆွေးနွေးမှုနဲ့ ပြန်လည်ရင်ကြားစေ့ရေး လုပ် ဆောင်ဖို့ ဒီမိုကရေစီ အင်စတီကျူးရှင်းတွေ ကြိုးပမ်းကြဖို့လည်း ဆုံးဖြတ်ချက်မူကြမ်းက တိုက်တွန်းထားပါတယ်။

ကိုးကား – Reuters
Ref; UN Security Council likely to vote tomorrow on Myanmar