ဧရာဝတီတိုင်းမ်
မြိုင်၊ ဒီဇင်ဘာလ ၁၉ ရက်
မကွေးတိုင်း၊ မြိုင်မြို့နယ်အနောက်ပိုင်း ကျောက်ခွက်ရေနံမြေ Well 2 အတွင်းရှိ စစ်ကောင်စီစခန်းကို ယမန်နေ့ ၁၈ ရက်နေ့ ညနေ ၃ နာရီ ၄၀ မိနစ် အချိန်ခန့်တွင် Black God ပြောက်ကျားပူးပေါင်းတပ်ဖွဲ့တို့ ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်းသိရသည်။
ထို တိုက်ခိုက်မှုတွင် Black God ပြောက်ကျား တပ်ဖွဲ့မှ ဒရုန်းများ၊ တာဝေးပစ် လက်လုပ် လက်နက်ကြီးများ လက်နက်ငယ်များဖြင့် ဝိုင်းဝန်း ပစ်ခတ်တိုက်ခိုက်ခဲ့ကြပြီး စစ်ကောင်စီဘက်မှလည်း လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ၄၅ မိနစ်အကြာ
အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း Black God ကထုတ်ပြန်သည်။
အဆိုပါ တိုက်ခိုက်မှုတွင် ယင်းမာပင်ခရိုင်တပ်ရင်း-၁၁ တပ်ခွဲ၃
BlackGodပြောက်ကျားတပ်ဖွဲ့ နှင့်အတူ၊ ဂျိမ်းစဘွန်းပြောက်ကျားတပ်ဖွဲ့ (မြိုင်)၊ လင်းယုန်ညီနောင်ပြောက်ကျားတပ်ဖွဲ့(မြိုင်)၊ Jokerပြောက်ကျားတပ်ဖွဲ့(မြိုင်)၊ ဗိုလ်မိုက်ခဲပြောက်ကျားတပ်ဖွဲ့(မြိုင်)၊ LBTပြောက်ကျားတပ်ဖွဲ့(မြိုင်)MVRFတပ်ခွဲ၃ နှင့်၊ မြိုင်ပကဖလက်အောက်ခံLocalpdf များ၊ အခြား ဒေသခံပြည်သူ့ကာကွယ်ရေးတပ်များနှင့် ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း BlackGod တပ်ဖွဲ့ထုတ်ပြန်ထားသည်။
၎င်းတိုက်ပွဲတွင် စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုများပြားနိုင်ပြီး စာရင်းအတိအကျကိုမူ စုံစမ်းနေဆဲ ဖြစ်ကာ Black God ပြောက်ကျား ပူးပေါင်းတပ်ဖွဲ့များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။