ဧရာဝတီတိုင်းမ်
ဒီဇင်ဘာလ ၁၉ ရက်

သူလျှိုဂြိုဟ်တုတွေ ထုတ်လုပ်ဖို့ အရေးပါတဲ့အတွက် ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က အပြီးသတ်အဆင့် စမ်းသပ် မှုတစ်ရပ် လုပ်ဆောင်ခဲ့တယ်လို့ မြောက်ကိုရီးယားနိုင်ငံက ပြောကြားပါတယ်။

မြောက်ကိုရီးယားနိုင်ငံဟာ မနေ့က တာလတ်ပဲ့ထိန်းဒုံးကျည်နှစ်စင်း ပစ်လွှတ်ခဲ့တယ်လို့ တောင်ကိုရီး ယားနိုင်ငံက ပြောပါတယ်။

အမျိုးသားအာကာသအဖွဲ့ (NADA) က မြောက်ကိုရီးယားနိုင်ငံ အနောက်မြောက်ပိုင်းရှိ ဆိုဟေးဂြိုဟ်တု လွှတ်တင်ကွင်းမှာ စမ်းသပ်မှုတစ်ခု ပြုလုပ်ခဲ့တယ်လို့ အာဏာရပါတီသတင်းစာက ဖော်ပြပါတယ်။

အဲဒီစမ်းသပ်မှုဟာ ဒီဇင်ဘာလ ၁၈ ရက်က မြောက်ကိုရီးယားနိုင်ငံရဲ့ ပဲ့ထိန်းဒုံးကျည်နှစ်စင်း ပစ်လွှတ်မှု ကို ရည်ညွှန်းလိုက်တာဖြစ်ပါတယ်။

မြောက်ကိုရီးယားနိုင်ငံက မြေအောက်မှ တာဝေးပစ်ပဲ့ထိန်းဒုံးကျည်တွေလို့ ယူဆရတဲ့ဒုံးကျည်တွေ စမ်း သပ်ပစ်လွှတ်ခဲ့ဖူးပေမယ့် ဂြိုဟ်တုတွေလို့ ပြုံယမ်းက ပြောပါတယ်။

လာမယ့် ဧပြီလမှာ ပထမဆုံးသော စစ်ဘက်သုံး ထောက်လှမ်းရေးဂြိုဟ်တုအတွက် ပြင်ဆင်မှုတွေ ပြီးစီး မယ်လို့ အမျိုးသားအာကာသအဖွဲ့ (NADA) က ကြေညာခဲ့ကြောင်း အာဏာရပါတီသတင်းစာက ဆိုပါတယ်။
ပြီးခဲ့တဲ့နှစ်အတွင်း မြောက်ကိုရီးယားက ထုတ်ဖော်ကြေညာခဲ့တဲ့ ငါးနှစ် နိုင်ငံ့ကာကွယ်ရေးစီမံချက်မှာ အ ခုလိုဂြိုဟ်တုတွေ ထုတ်လုပ်ဖို့လည်း ပါဝင်ခဲ့ပါတယ်။

ကိုးကား – NHK
Ref; N.Korea says it held key final-stage test for spy satellites