ဧရာဝတီတိုင်းမ်
ဒီဇင်ဘာလ ၁၉ ရက်
ထိုင်းပင်လယ်ကွေ့ရှိ ရာသီဉတုဆိုးရွားမှုကြောင့် တော်ဝင် ထိုင်းစစ်သင်္ဘောတစ်စင်း နစ်မြှုပ်ခဲ့ရာ အမှု ထမ်း ၁၀၆ ဉီးအနက် ၃၃ ဉီး ပျောက်ဆုံးနေတယ်လို့ ထိုင်းအာဏာပိုင်တွေက ပြောပါတယ်။
ကယ်ဆယ်ခဲ့တဲ့ အမှုထမ်းသုံးဉီးက အရေးပေါ်အခြေအနေဖြစ်ပြီး ပျောက်ဆုံးနေသူတွေိကိုရှာဖွေဖို့ ရှာဖွေ ရေးလုပ်ငန်းတစ်ရပ် ဆောင်ရွက်နေတယ်လို့ ထိုင်းအာဏာပိုင်တွေက ဆိုပါတယ်။
လှိုင်းလေပြင်းထန်မှုကြောင့် HTMS ဆူခိုထိုင်း ကော်ဗတ်ရေယာဉ်အတွင်း ရေတွေဝင်ရောက်လာပြီး သင်္ဘောရဲ့ လျှပ်စစ်ပိုင်းဆိုင်ရာစနစ် ချို့ယွင်းကာ နစ်မြှုပ်ခဲ့တာဖြစ်တယ်လို့ ထိုင်းအာဏာပိုင်တွေက ပြောပါတယ်။
ပရာချွတ်ခီရီခန်းပြည်နယ် ဘန်ဆာဖန်ခရိုင်မှ မိုင် ၂၀ ခန့်အကွာ ထိုင်းပင်လယ်ကွေ့အတွင်း ရာသီဥတု ဆိုးရွားမှုကြောင့် ပျောက်ဆုံးနေသူအတွက် ရှာဖွေရေးလုပ်ငန်းကို အဟန့်အတားဖြစ်စေတယ်လို့ အာဏာပိုင်တွေ က ဆိုပါတယ်။
တန်ချိန် ၉၀ ရှိ HTMS ဆူခိုထိုင်း ကော်ဗတ်ရေယာဉ်ကို အမေရိကန်နိုင်ငံမှာ တည်ဆောက်ခဲ့တာဖြစ်ပြီး ၁၉၈၇ ခုနှစ်အတွင်း ထိုင်းတော်ဝင်ရေတပ်မှာ ရေချခဲ့တာဖြစ်ပါတယ်။
အခုလို စစ်သင်္ဘောဟောင်းတစ်စီးပေါ်မှာ ထိုင်းရေတပ်ဖွဲတွေ ခက်ခဲသော အခြေအနေတစ်ရပ်ကို ကြုံ တွေ့ခဲ့ရတယ်လို့ အငြိမ်းစား အမေရိကန်ရေတပ်အရာရှိ ကားလ်ရှူစတာက ပြောပါတယ်။
ကိုးကား – CNN
Ref; Thai warship sinks in severe weather, leaving 33 crew missing