ဧရာဝတ်ီတိုင်းမ်
ဒီဇင်ဘာ ၁၉ ရက်

ရန်ကုန်တိုင်း၊ လသာမြို့နယ်၊ ကမ်းနားလမ်း၊ ညောင်ပင်လေးစျေးအနီးရှိ ဧရာဝတီဘဏ် ဒီကနေ့ ဒီဇင်ဘာလ ၁၉ ရက်နေ့ နံနက်ပိုင်းက ဓားပြတိုက်ခံရပြီး ငွေသားများပါသွားကြောင်း ရဲတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးထံမှ သိရှိရသည်။

အဆိုပါ လသာမြို့နယ်၊ ကမ်းနားလမ်းနှင့် လမ်းမတော်လမ်း ထောင့်၊ ညောင်ပင်လေးစျေးအနီးရှိ ဧရာဝတီဘဏ်ခွဲ ၃၇ ၌ ယနေ့ ဒီဇင်ဘာ ၁၉ ရက်နေ့ နံနက် ၉ နာရီ ၄၀ မိနစ် ဘဏ်ဖွင့်စချိန်၌ပင် အမျိုးသားတစ်ဦးမှ ဓားအားပြသ၍ ငွေသားများယူဆောင်သွားကြောင်း သိရှိရသည်။

“Mask တပ်ထားတဲ့လူတစ်ယောက်ဝင်လာပြီးတော့ ဓားမြှောင်ကိုပြပြီးတော့ ပိုက်ဆံဘယ်လောက်ရှိလဲ၊ ထုတ်ပေးဆိုပြီးပြောတယ်ပေါ့။ ဘဏ်ရဲ့ကောင်တာကနေ ငွေကျပ် သိန်း ၁၀၀ နီးပါးလောက်ကို ယူပြီး ထွက်သွားတာ။ ဘယ်သူမှတော့ ထိခိုက်မှုမရှိဘူး”ဟု ရဲတပ်ဖွဲ့နှင့်နီးစပ်သူတစ်ဦးမှ ဧရာဝတီတိုင်းမ်ကိုပြော သည်။

ဒါ့အပြင် အခင်းဖြစ်ပွားချိန်တွင် ဘဏ်အတွင်း၌ ဘဏ်မန်နေ ဂျာအပါအဝင် ဝန်ထမ်း ၁၁ ဦးနှင့် လုံခြုံရေး ၁ ဦးသာရှိနေကြောင်း
ရဲတပ်ဖွဲ့နှင့် နီးစပ်သူအသိုင်းအဝိုင်းထံက သိရှိရသည်။

#Ayeyarwaddy_Times