ဧရာဝတီတိုင်းမ်
ဒီဇင်ဘာလ ၁၉ ရက်

ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်၊ စစ်ကောင်စီတပ်၏ မှော်ဘီလေတပ်စခန်းဌာနချုပ်ကို ဒီဇင်ဘာလ ၁၇ ရက် ညပိုင်းက လက်လုပ်အဝေးပစ် ရှော့တိုက်ဒုံး ၃ လုံးဖြင့် တိုက် ခိုက်ခဲ့ကြောင်း Hmawbi PDF အဖွဲ့မှယမန်နေ့တွင် ထုတ်ပြန်ထားသည်။

မှော်ဘီလေတပ်ဌာနချုပ်ကို လက်လုပ်ရှော့တိုက်ဒုံး ၃ လုံးဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ၂ လုံးမှာ လေတပ် နံရံကိုထိမှန်ခဲ့ကာ ၁ လုံးမှာ လေတပ်ဌာနချုပ်ဝန်းအတွင်းအဓိကနေရာကို ထိမှန်ခဲ့ကြောင်း အဖွဲ့မှ တာဝန်ရှိသူတစ်ဦးမှ ပြောသည်။

“လက်နက်ရုံကို အဓိကတိုက်ခိုက်တာပါ။ လွဲသွားပြီးနှစ်လုံးက နံရံကိုထိပြီး တစ်လုံးကတော့ အဓိကပစ် မှတ်ကိုထိတယ်။ အကောင်ကြီးအိမ်ဘက်ကို ကျတာ။ လူနာတင်ကားတွေများကြီးဝင်သွားတယ်လို့သိရတယ်။ သေချာတော့မသိရသေးဘူး”ဟု Hmawbi People Defence Force တာဝန်ရှိသူမှ ဧရာဝတီတိုင်းမ်ကို ပြောသည်။

ထိုသို့ပစ်ခတ်တိုက်ခိုက်မှုမှာ အညာဒေသများနှင့် တိုင်း ရင်းသားနယ်မြေများသို့ လေယာဥ်များဖြင့်ပစ်ခတ်တိုက်ခိုက်မှုများပြုလုပ်နေခြင်းကြောင့် အဆိုပါ စစ်ဆင် ရေးကို ပြုလုပ်ခြင်းဖြစ်ကြောင်း ၎င်းမှပြောသည်။

“မစ်ရှင်တွေကို ဆက်တိုက်လုပ်ဆောင်သွားမှာပါ။ ပစ္စည်းလိုအပ်ချက်၊ စရိတ်လိုအပ်ချက်တွေကြောင့် နားနေရတာပါ။ ကျွန်တော်တို့ကို ထောက်ပံ့ပေးဖို့ ပြောချင်ပါတယ်”ဟု ဆိုသည်။

တိုက်ခိုက်မှုကို PDF Hmawbi၊ Yangon UG Group အဖွဲ့တို့မှ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး သတိပေးသည့်အဆင့်မဟုတ်တော့ဘဲ စစ်တပ်နှင့်ပတ်သက်သည့် အဓိကနေရာများကို တိုက်ခိုက်သွားမည်ဖြစ် ကြောင်းလည်း ထုတ်ပြန်ထားသည်။

ဓာတ်ပုံ-စစ်ကောင်စီလေတပ်တိုက်လေယာဥ်တချို့။(ပုံဟောင်း)
#မှော်ဘီ #လေတပ်စခန်းဌာနချုပ် #PDF #ရှော့တိုက်ဒုံး #တိုက်ခိုက် #AyeyarwaddyTimes