နွေဦးမောင်/ဧရာဝတီတိုင်းမ်
(ဧရာဝတီ)၊ ဒီဇင်ဘာလ ၁၉ ရက်

ဧရာဝတီတိုင်းအတွင်းမှာရှိတဲ့ စစ်ကောင်စီတပ်စခန်းတွေဟာ ရှေ့တန်းရောက်တဲ့ တပ်တွေလို့ စခန်းပုံစံကို ခံစစ်အတားအဆီးတွေပြုလုပ်ပြီး ပြင်ဆင်လာတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

တိုင်းအတွင်းမှာရှိတဲ့ စစ်ကောင်စီတပ်စခန်းတွေထဲမှာ ဆက်သွယ်ရေးမြောင်းတွေနဲ့ ဘန်ဂလိုပုံစံတွေ ဆောက်ထားပြီး သံဆူးကြိုးတွေနဲ့ပါ ကာရံတာတွေပြုလုပ်လာတာလို့ စစ်ကောင်စီတပ်နဲ့ နီးစပ်သူတွေက ပြောပါတယ်။

“ စခန်းအဝင်အထွက်မှာ သံဆူးကြိုးနဲ့ ကာရံတာတွေ ဗုံးခိုကျင်းတူတာတွေ ညှောင့်ကျင်းတွေတူးပြီး ဝါးချွန်တွေနဲ့ ကျင်းလုပ်တာတွေ ဒါတွေက ရှေ့တန်းစခန်းတွေမှာ လုပ်တာ ခုတော့ အထိုင်စခန်းတွေမှာပါ လုပ်လာရတာ”လို့ စစ်ကောင်စီတပ်နဲ့နီးစပ်တဲ့ အမျိုးသားတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။

အမေရိကန်နိုင်ငံ အထက်လွှတ်တော်မှာ အမျိုးသားကာကွယ်ရေးဥပဒေ NDAA The Burma Act 2023 ကို မဲခွဲဆုံးဖြတ်အတည်ပြုပြီးနောက်ပိုင်းမှဦ စစ်ကောင်စီတပ်တွေက တပ်ရင်းတပ်ဖွဲ့တွေမှာ ခံစစ်ပုံစံ အတားအဆီးတွေကို လုပ်ဆောင်လာတာလို့ ဆိုပါတယ်။

ဧရာဝတီတိုင်းမှာရှိတဲ့ စစ်ကောင်စီတပ်တွေရဲ့ တပ်ရင်းစခန်းတွေကို တော်လှန်ရေးအင်အားစုတွေက ဝင်ရောက်တိုက်ခိုက်တာမျိုးတွေမရှိသေးပေမယ့် တိုက်ခိုက်ခံရမှာကြောက်လို့ ခုလိုမျိုး ပြင်ဆင်လာတာ ဖြစ်နိုင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
#Ayeyarwaddy_Times