ဧရာဝတီတိုင်းမ်
ဒီဇင်ဘာလ ၁၉ ရက်

ဧရာဝတီတိုင်းတွင် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးများက လောင်းကစားဝိုင်းနှင့် ချဲဒိုင်များကို လိုင်းကြေးယူကာ ခွင်ပြုထားပြီး ဖမ်းမိပါကလည်း ပိုက်ဆံတောင်းကာ ပြန်လွှတ်ပေးနေကြောင်း ဒေသခံများထံမှ သိရသည်။

အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီမှ ခန့်အပ်ထားသသည့် အုပ်ချုပ်ရေးမှူးများသည် လောင်းကစားဒိုင်များအပေါ် အရေးယူခြင်းမရှိပဲ ၎င်းတို့ထံမှ လိုင်းကြေးတောင်းယူကာ ခွင့်ပြုထားမှုကြောင့် လောင်းကစားဒိုင်လုပ်ကိုင်သူ ပိုများလာခြင်းဖြစ်ကြောင်း ကျောင်းကုန်းမြို့ခံတစ်ဦးက ပြောသည်။

“အုပ်ချုပ်ရေးမှူးတွေကလူထုကကြိုက်လို့တင်ထားတဲ့သူတွေမဟုတ်ဘူး။ စစ်ကောင်စီကသူတို့နဲ့ပြေလည်းတဲ့သူဒလန်တွေကိုခန့်ထားတာ။ ဒီကောင်တွေကစားဖို့ပဲသိတယ်။ အခု ကျနော်တို့မြို့နယ်ထဲမှာ ဖဲဝိုင်းတွေ ကြက်ဝိုင်းတွေဖြစ်နေတယ်။ တိုင်တော့လည်အရေးမယူဘူး “ဟု ကျောင်းကုန်းမြို့ခံတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

ယင်းကဲ့သို့ လောင်းကစားဒိုင်လုပ်ကိုင်သူများတွင် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးများလည်း ပါဝင်နေကြောင်း ပန်တနော်မြို့ခံအချို့က ဆိုသည်။

“ပန်းတနော်ဘက်မှာ တချို့အုပ်ချုပ်ရေးမှူးတွေဆို ၂ လုံး ၃ လုံးဒိုင်တွေပါကိုင်နေကြတာ။ ဒီလိုဆိုတော့ဘယ်ဖမ်းတော့မလဲ။ ကျောင်းကုန်မှာဖမ်းလို့မိလည်းပိုက်ဆံယူပြီပြန်လွှတ်ပေးနေတာ။ဥပဒေအရအရေးယူတာမျိုးမှမရှိတာ” ပန်တနော်မြို့ခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

နေ့စဥ်နီးပါးဆိုသလို လုယက်မှု၊ ဓားပြမှုများ ပေါများလာနေသည့် ဧရာဝတီတိုင်းတွင် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးများက ၎င်းတို့ကိုယ်တိုင် လောင်ကစားဒိုင်အဖြစ် လုပ်ကိုင်နေသည့်အပြင် လောင်းကစားဒိုင်များအပေါ် အရေးယူခြင်းမရှိသောကြောင့် ရာဇဝတ်မှုများ ပေါများလည်မည်ကို ဒေသခံများက စိုးရိမ်နေကြသည်။

#ဧရာဝတီ #လောင်းကစားဒိုင် #စစ်ကောင်စီ #အုပ်ချုပ်ရေးမှူး
#Ayeyarwaddy_Times