ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၁၈ ရက်
ရန်ကုန်မြို့ရှိ ပန်းဆိုးတန်း – ဒလပြေးဆွဲသည့် ချယ်ရီ ခရီးသည်တင် သင်္ဘောပေါ်တွင် ယနေ့ညပိုင်းက ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း ပရဟိတအဖွဲ့ထံမှ သိရှိရသည်။
ယနေ့ ဒီဇင်ဘာ ၁၈ ရက်နေ့ ညနေပိုင်း ၆ နာရီခွဲကျော်တွင် ပန်းဆိုးတန်းဆိပ်ကမ်း၌ ရပ်ထားသည့် သင်္ဘောပေါ်တွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ၁၇ ဦးခန့် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။
“ပန်းဆိုးတန်းဘက်ခြမ်းမှာ ခရီးသည်စောင့်နေတုန်း ပေါက်တာပါ။ အားလုံး ၁၇ ယောက်ဒဏ်ရာရပါတယ်။ အဲဒီထဲမှာ ၆ ယောက်လောက်က စိုးရိမ်ရပါ တယ်။ လက်ရှိတော့ ရန်ကုန်ဆေးရုံကြီးကိုပို့ဆောင် ထားပါတယ်”ဟု မြေပြင်သို့ရောက်ရှိနေသည့် ပရဟိတအဖွဲ့ထံမှ သိရှိရသည်။
ပေါက်ကွဲမှုနှင့်ပတ်သက်ပြီး အသေးစိတ်အချက်တွေကိုတော့ ဧရာဝတီတိုင်းမ်အနေနဲ့ မသိရှိရသေးပါဘူး။
ဓာတ်ပုံ – ဗုံးပေါက်ကွဲမှုဖြစ်ပွားပြီးနောက်တွေ့ရစဥ်