ဧရာဝတီတိုင်းမ်
ဒီဇင်ဘာလ ၁၈ ရက်
ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ်၊ ချောင်းသာမြို့မှာ ဒီဇင်ဘာလ ၁၄ ရက်နေ့ ညပိုင်းက ဒေသခံ ၆ ဦးကို ထောက်ပို့လုပ်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက ဆီကသိရပါတယ်။
ချောင်းသာ ကျေးရွာမှာ နေထိုင်သူတွေတချို့နဲ့ နီးစပ်ရာကျေးရွာတွေက ဒေသခံတွေကို ညပိုင်း ဧည့်စာရင်း ပုံစံဝင်စစ်ပြီး ဖမ်းဆီးသွားတာလို့ ဒေသခံတွေက ပြောပါတယ်။
“ ညပိုင်း ဝင်မွှေဖမ်းသွားတာ သူတို့ကတော့ ထောက်ပို့လုပ်တယ်ဆိုပြီး ဖမ်းတာပဲ အဲ့လူတွေက နိုင်ငံရေး စိတ်ဝင်စားတဲ့သူတွေလည်း မဟုတ်ဘူး သတင်းပေးဒလန်တွေကြောင့်ပေါ့”လို့ ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။
ဖမ်းဆီးခံရသူ ၆ ဦးစာ လူငယ်အများစုဖြစ်ပြီး အားလုံးက အမျိုးသားတွေဖြစ်ကာ ခုချိန်ထိ အဆက်သွယ် မရသေးဘူးလို့ ဆိုပါတယ်။
ချောင်းသာလမ်းတဲ့လမ်းမှာ ပြီးခဲ့နှစ်က စစ်ကောင်စီခန့်ထားတဲ့ ဝန်ကြီးချုပ် လမ်းကြောင်းကို မိုင်းဆွဲ တိုက်ခိုက်တာတွေရှိခဲ့ပေမယ့် ၂၀၂၂ ခုနှစ်ထဲမှာ မစ်ရှင်တွေမရှိတော့တာကြောင့် ခုလိုမျိုးဒေသခံတွေကို ဖမ်းဆီးတာဟာ ငွေတောင်းယူဖို့ဖြစ်နိုင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။