ဧရာဝတီတိုင်းမ်
ဒီဇင်ဘာလ ၁၈ ရက်

တောင်ကိုရီးယားနဲ့ အမေရိကန် အထူးတပ်ဖွဲ့ (Navy SEALs) တွေဟာ သတင်းအချက်အလက်ဖလှယ် မှုနဲ့ တိုက်ခိုက်ရေးစွမ်းရည်မြှင့်တင်ဖို့ မကြာသေးမီက ပူးတွဲ စစ်ရေးလေ့ကျင့်မှုတစ်ခု ပြုလုပ်ခဲ့ပါတယ်။

နှစ်နိုင်ငံ အထူးတပ်ဖွဲ့တွေရဲ့ ပူးတွဲ စစ်ရေးလေ့ကျင့်မှုက ဒီဇင်ဘာလ ၉ ရက်မှာ ပြီးဆုံးခဲ့တယ်လို့ အမေရိ ကန်စစ်တပ်ရဲ့ အာရှ-ပစိဖိတ်စစ်ဌာနချုပ်က ဒီကနေ့ ပြောကြားလိုက်ပါတယ်။

စစ်ရေးလေ့ကျင့်မှုက အာရှ-ပစိဖိတ်ဒေသမှာ မဟာဗျူဟာမြောက် အထူးစစ်ဆင်ရေးတပ်ဖွဲ့တွေကြား သ တင်းအချက်အလက်ဖလှယ်မှုနဲ့ ဆက်ဆံရေးကို တိုးမြှင့်စေနိုင်တဲ့ အခွင့်အလမ်းတစ်ရပ်ဖြစ်တယ်လို့ အာရှ-ပစိ ဖိတ်စစ်ဌာနချုပ်က ထုတ်ပြန်ချက်တစ်ခုအတွင်း ပြောပါတယ်။

ကယ်လီဖိုးနီးယားပြည်နယ် ကော်လိုရာဒိုရှိ အမေရိကန်ရေတပ်ရဲ့ အထူးလေ့ကျင့်ရေးစခန်းတစ်ခုမှာ နှစ် ပတ်ကြာပြုလုပ်ခဲ့တဲ့ ပူးတွဲ စစ်ရေးလေ့ကျင့်မှုမှာ လက်နက်လေ့ကျင့်မှု၊ အနီးကပ်ချေမှုန်းရေး၊ မစ်ရှင်ဆောင်ရွက်မှု နဲ့ ယဉ်ကျေးမှုဆိုင်ရာဖလှယ်ရေးတို့ ပါဝင်ခဲ့ပါတယ်။

နှစ်နိုင်ငံ အထူးတပ်ဖွဲ့တွေက ပူးတွဲစစ်ဆင်ရေး ဆောင်ရွက်မှုစွမ်းရည် မြှင့်တင်နိုင်ခဲ့တယ်လို့ တောင်ကိုရီး ယားရေတပ်က ပြောကြားခဲ့ပါတယ်။

ပူးတွဲ စစ်ရေးလေ့ကျင့်မှုက နှစ်နိုင်ငံ အထူးတပ်ဖွဲ့တွေရဲ့ တိုက်ခိုက်ရေးအသင့်ဖြစ်မှု၊ အပြန်အလှန် သ တင်းအချက်အလက်ဖလှယ်မှုနဲ့ လွတ်လပ်ပွင့်လင်းသော အာရှ-ပစိဖိတ်ဒေသဖြစ်လာရေး ကတိကဝတ်ကို ပြသ နိုင်ခဲ့တယ်လို့ အမေရိကန်ရေတပ်မှ တာဝန်ရှိသူတစ်ဉီးက ပြောပါတယ်။

ကိုးကား – KBS World
Ref; S. Korea, US Navy Seals Conduct Bilateral Training