ဧရာဝတီတိုင်းမ်
ဒီဇင်ဘာလ ၁၈ ရက်

ဧရာဝတီတိုင်း၊ ဟင်္သာတမြို့မှာ ဒီဇင်ဘာလ ၁၇ ရက်နေ့က ဆိုင်ကယ်လမ်းကြုံတင်စီးတဲ့သူက ဆိုင်ကယ် ပိုင်ရှင်ဆီကနေ ဆိုင်ကယ်လုယက်မှုဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

မြင့်မြတ် ဆေးရုံကိုသွားတဲ့လမ်းမှာ ဆိုင်ကယ်လမ်းကြုံလိုက်ချင်တယ်ဆိုလို့ တင်မိရာကနေ ယိုးဒယားဘီး ဆိုင်ကယ်ကို လုယက်သွားတာလို့ ဒေသခံတွေက ပြောပါတယ်။

“ သူက လမ်းကြုံလိုက်ချင်တယ်ဆိုလို့ သနားလို့ခေါ်တင်မောင်းလာတယ်ပြောတယ် မြင့်မြတ် ဆေးရုံလည်း ရောက်ရော ဆိုင်ကယ္ကို မောင်းပြေးသွားတာ လူကိုဘာမှမလုပ်သွားတာတော်သေးတယ်”လို့ ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။

ခုလိုမျိုး အခက်အခဲဖြစ်တဲ့ပုံစံနဲ့ အကူညီတောင်းလို့ ကူညီပေးချိန်မှာ လုယက်မှုတွေကျူးလွန်ခံ ရတာကြောင့် နောက်ဆိုရင် တကယ်အခက်အခဲဖြစ်နေသူတွေကို ကူညီတဲ့သူတွေ မရှိသလောက်ဖြစ်လာ နိုင်တယ်လို့ ဆိုပါတယ်။

ဆိုင်ကယ်လုယက်ခံရသူမှာ မြင့်မြတ်ဆေးရုံမှာ ဆေးဝါးကျွမ်းကျင်တက်ရောက်နေသူ တစ်ဦးဖြစ်ပြီး လုယက်ခံရတဲ့ဆိုင်ကယ်ဟာ ဇလွန်မြို့နယ်က ဝယ်ယူထားတဲ့ ယိုးဒယားဘီးဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဟင်္သာတမြို့တဝိုက်မှာ ဆိုက်ကယ်ပျောက်ဆုံးမှုတွေ လုယက်ခံရမှုတွေ မကြာခဏဖြစ်ပွားနေပြီး ရဲတပ်ဖွဲ့က တရားခံဖမ်းဆီးမိတာမျိုး မရှိသေးဘူးလို့ဆိုပါတယ်။

#ဟင်္သာတ #ဆိုင်ကယ် #လမ်းကြုံ #လုယက်ခံရ
#Ayeyarwaddy_Times