ဧရာဝတီတိုင်းမ်
ဒီဇင်ဘာလ ၁၈ ရက်
ရှမ်းပြည်နယ်(မြောက်ပိုင်း) ၊ တအောဝ်း(ပလောင်) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့နယ် ဟူးမန်းနဲ့ ကုန်း သာကျေးရွာအနီးဖြစ်ပွားခဲ့တဲ့တိုက်ပွဲဟာ တအောဝ်းလွတ်မြောက်ရေးတပ် TNLA ကိုတိုက်ခိုက်တာမဟုတ်ဘဲ PDF ကိုတိုက်တာဖြစ်တယ်လို့ စစ်ကောင်စီဝါဒဖြန့်မီဒီယာတွေက ဒီဇင်ဘာလ ၁၇ ရက်မနေ့က ထုတ်ပြန်လာ ပါတယ်။
ဒီဇင်ဘာလ ၇ ရက်နေ့ကစလို့ စစ်ကောင်စီတပ်က နမ့်ဆန်ဒေသ TNLA နယ်မြေအတွင်းမှာ ရဟတ်ယာဉ်တွေ နဲ့ စစ်ကောင်စီတပ်သားတွေပို့ဆောင်ပြီး တိုက် ခိုက်မှုတွေပြုလုပ်ခဲ့တာကြောင့် TNLA ၊ PDF ပူးပေါင်းအဖွဲ့တွေနဲ့ ဒီဇင်ဘာလ ၁၂ ရက်နေ့အထိ ၆ ရက်ကြာတိုက်ပွဲတွေဖြစ်ပွားခဲ့တာပါ။
အဲ့ဒီလိုတိုက်ခိုက်တာဟာ TNLA နဲ့မသက်ဆိုင်ဘဲ PDF နဲ့သာသက်ဆိုင်ပြီး တိုက်ပွဲတွေဖြစ်ပြီးတဲ့နောက်ပိုင်း TNLA ကိုရှင်းပြလိုက်တာ TNLA က လက်ခံသွားတယ်လို့လည်း စစ်ကောင်စီဘက်ကပြောပါတယ်။
အဲ့ဒီ ၆ ရက်ကြာ တိုက်ပွဲအတွင်းမှာ စစ်ကောင်စီတပ် ဖွဲ့ဝင် ၃၀ ထက်မနည်း အများအပြားထိခိုက်သေဆုံးခဲ့ပြီး တော်လှန်ရေး အင်အားစုတွေဘက်ကလက်နက်ခဲယမ်းအများအပြားသိမ်းဆည်းရရှိခဲ့ပေမယ့်စစ်ကောင်စီတပ် ဘက်ကတော့ တပ်ဖွဲ့ဝင်အချို့သာကျဆုံးမှုရှိခဲ့တယ်လို့ထုတ်ပြန်ပါတယ်။
#နမ့်ဆန် #တ်ုက်ပွဲ #စစ်ကောင်စီ #ဝါဒဖြန့် #ထုတ်ပြန် #Ayeyarwaddy_Times