ဧရာဝတီတိုင်းမ်
ဒီဇင်ဘာလ ၁၈ ရက်

ပြည်သူတွေရဲ့ ဆန္ဒပြလှုပ်ရှားမှုတွေကို ထောက်ခံကြောင်း အင်စတာဂရမ်မှာ လူသိထင်ရှား ရေးသားတဲ့ အတွက် အီရန်အာဏာပိုင်တွေက တိုင်းပြည်ရဲ့အထင်ရှားဆုံး ရုပ်ရှင်မင်းသမီးတစ်ဉီးကို ဖမ်းဆီးလိုက်တယ်လို့ နိုင်ငံပိုင်မီဒီယာတွေရဲ့ ဖော်ပြချက်အရ သိရပါတယ်။

လူထုဆန္ဒပြပွဲတွေနဲ့ပတ်သက်လို့ ပထမဆုံး ကြိုးပေးကွက်မျက်ခံရသူ မိုဆန်ရှီကာရီနဲ့အတူ ရှိနေတယ်လို့ အင်စတာဂရမ်မှာ ပို့စ်တစ်ခု ရေးသားတဲ့အတွင် ၂၀၁၆ ခုနှစ် အော်စကာဆုရ “The Salesman” ရုပ်ရှင်ဇာတ်ကား မှာ သရုပ်ဆောင်ခဲ့တဲ့ တာရာနီအလီဒိုစတီကို ပြီးခဲ့တဲ့အပတ်အတွင်း ထိန်းသိမ်းခဲ့တယ်လို့ အီရန်ုနိုင်ငံပိုင် IRNA သတင်းဌာနက ဖော်ပြပါတယ်။

“ဒီလိုကြိုးပေးကွက်မျက်မှုကို နိုင်ငံတကာ အဖွဲ့အစည်းတိုင်းက လက်ပိုက်ကြည့်နေတာ ရှက်ဖွယ်လိလိ ဖြစ်ပါတယ်” လို့ ရပ်ဆိုင်းခံလိုက်ရပြီဖြစ်တဲ့ follower ၈ သန်းကျော်ရှိတဲ့ အင်စတာဂရမ်မှာ အသက် ၃၈ နှစ်အရွယ် ရုပ်ရှင်မင်းသမီး တာရာနီအလီဒိုစတီက ရေးသားခဲ့ပါတယ်။

ရန်စတဲ့ အကြောင်းအရာတွေ ရေးသားဖော်ပြမှုကြောင့် ဖမ်းဆီးခံခဲ့ရပြီး တရားရေးအဖွဲ့အစည်းက ဆင့် ခေါ်ခံခဲ့ရတဲ့ ထင်ရှားကျော်ကြားသူတွေထဲမှာ တာရာနီအလီဒိုစတီ ပါဝင်လာခဲ့တာဖြစ်ပါတယ်။

တီဟီရန်မြို့တော်မှာ လမ်းမတစ်ခုကို ပိတ်ဆို့ကာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေကို ဓားရှည်တစ်လက်နဲ့ တိုက် ခိုက်တယ်ဆိုပြီး အီရန်တရားရုံးတစ်ရုံးက မိုဆန်ရှီကာရီကို စွဲချက်တင်ခဲ့တာဖြစ်ပါတယ်။ မိုဆန်ရှီကာရီကို ဒီဇင် ဘာလ ၉ ရက်မှာ အများပြည်သူရှေ့မှာ ကြိုးပေးကွက်မျက်ခဲ့ပါတယ်။

တီဟီရန်မြို့တော်မှာ အီရန်ရဲတပ်ဖွဲ့ရဲ့ ထိန်းသိမ်းမှုကိုခံခဲ့ရတဲ့ အသက် ၂၂ နှစ်အရွယ် မာဆာအမီနီ စက် တင်ဘာလ ၁၆ ရက်မှာ သေဆုံးပြီးနောက် တိုင်းပြည်တစ်ဝန်း လူထုဆန္ဒပြပွဲတွေ ဖြစ်ပေါ်ခဲ့ပါတယ်။

ဆန္ဒပြပွဲတွေအတွင်း ပြည်သူ ၅၀၀ နီးပါး သတ်ဖြတ်ခံရကာ လုံခြုံရေးတပ်ဖွဲ့တွေရဲ့ လူမဆန်သော ဖြိုခွင်း မှုတွေကြား လူ ၁၈၂၀၀ ကျော် ထိန်းသိမ်းခံခဲ့ရတယ်လို့ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူတွေက ပြောပါတယ်။

ကိုးကား- New York Post
Ref; Iran arrests Oscar-winning actress for supporting ongoing protests