ဧရာဝတီတိုင်းမ်
ဒီဇင်ဘာလ ၁၈ ရက်

စစ်ကိုင်းတိုင်း၊ ဂန့်ဂေါ်မြို့အဝင် အမှတ်(၁) စစ်ဆေးရေးဂိတ်တွင် ချင်းအမျိုးသားတစ်ဦးကို ဒီဇင်ဘာလ ၁၅ ရက်နေ့က စစ်ကောင်စီတပ်မှ PDF ဟု စွပ်စွဲကာ ဖမ်းဆီးသတ်ဖြတ်ခဲ့ကြောင်း သိရသည်။

သတ်ဖြတ်ခံရသူမှာ ချင်းပြည်၊ မတူပီမြို့နယ်၊ ဇိုတုန်နယ်အတွင်းရှိ တိန်ဆီးကျေးရွာသား ဆလိုင်းရွှေဘိလျန်ဆိုသူဖြစ်ပြီး ဂန့်ဂေါ့်မြို့ပေါ်ရှိ ၎င်း၏ ဆွေမျိုးများထံ လာရောက်လည်ပတ်ရာ KPK ဆီဆိုင်သို့ ဆိုင်ကယ်ဆီထည့်ရန် ဂန့်ဂေါ်မြို့အဝင် အမှတ်(၁) စစ်ဆေးရေးဂိတ်ကို ဖြတ်ကာ သွားစဥ်တွင် ပစ်သတ်ခံရခြင်းဖြစ်ကြောင်း မျက်မြင်တွေ့ရှိသူအချို့က ပြောသည်။

အပြစ်မဲ့ပြည်သူ ဆလိုင်းရွှေဘိလျန် ပစ်သတ်ခံရသည်နှင့်ပတ်သက်ပြီး CDF-Zotung မှလည်း သာမန်ပြည်သူတစ်ဦးအပေါ် စစ်ကောင်စီ၏မတရား ဖမ်းဆီသတ်ဖြတ်ခြင်းလုပ်ရပ်ကို ပြင်းထန်စွာ ရှုတ်ချကြောင်း ကြေငြာချက်ထုတ်ပြန်ထားသည်။

ဆလိုင်းရွှေဘိလျန်၏ ရုပ်အလောင်းကို ဂန့်ဂေါ်မြို့၌ပင် ဒီဇင်ဘာလ ၁၇ ရက်နေ့က သဂြိုဟ်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

#ဂန့်ဂေါ #စစ်ကောင်စီ #ချင်း #PDF #ဖမ်းဆီးသတ်ဖြတ်
#Ayeyarwaddy_Times