ဧရာဝတီတိုင်းမ်
ဒီဇင်ဘာလ ၁၈ ရက်
ကရင်နီပြည်နယ်စစ်ဘေရှောင်နေရာများတွင် စစ်ရှောင်ကလေးငယ်များအတွက် ကရင်နီစစ်ဘေးရှောင်ကူညီစောင့်ရေးကွန်ယက်မှ Christmas ၅ ကြိမ်မြောက် အစီစဉ်ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။
ကရင်နီစစ်ဘေးရှောင် ကူညီစောင့်ရေးကွန်ယက်မှ မတူညီသောစစ်ရှောင် စခန်းများတွင်သွားရောက်ပြီကလေးများအတွက် ခဏတာပြုံးပျော်နိုင်စေရန် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း ကရင်နီစစ်ဘေးရှောင်ကူညီစောင့်ရေးကွန်ယက်မှ သိရသည်။
“စစ်ဘေးရှောင်ကလေးတွေအတွက် ဒီကာလမှာ ၁၅ မိနစ် နာရီဝက်လောက်ပြုံးပျော်နိုင်ဖို့ဆိုတာ အရမ်းကိုရှားပါတယ် နေ့စဉ်လက်နက်ကြီးသံ လေယာဉ်ဗုံးကြဲသံတွေကိုနားယဉ်ပြီးအချိန်ပြည့် ဗုံခိုးကျင်းထဲကနေဆုတောင်နေကြရတယ်၊ ဒါကြောင့်ကွန်ယက်မှစစ်ရှောင်ကလေးငယ်တွေအတွက် ဒီဇင်ဘာလအတွင်းခဏတာပျော်ရွှင်နိုင်စေဖို့ အစီစဉ်ကိုသွားရောက်ပြုလုပ်နိုင်ခဲ့တာပါ”ဟု ကရင်နီစစ်ဘေးရှောင်ကူညီစောင့်ရေးကွန်ယက်မှ အဖွဲ့ဝင်တစ်ဦးမှ ဧရာဝတီတိုင်းမ်ကိုပြောသည်။
ကရင်နီစစ်ဘေးရှောင် ကူညီစောင့်ရေးကွန်ယက်အနေဖြင့်ကလေးငယ်များအတွက် ပျော်ရွှင်စေရန် ဂိမ်း အမျိုးမျိုးကစားပေးခြင်း ၊ကိုယ်ပိုင်အရည်အချင်းများဖော်ထုတ်ခြင်း ၊ သီချင်းဆိုပြိုင်ပွဲများပြုလုပ်ပေးခြင်း ၊ စိတ်ရွှင်လန်းစေတဲ့ပြိုင်ပွဲများကစားပေးပြီး အနိုင်ရသူများကို ဆုချီးမြင့်ပေးခြင်း ၊ Christmas သီချင်းများ တူတူသံပြိုင်သီဆိုပေးပြီး အကပဒေသာအချို့များဖြင့် တူတူဖျော်ဖြေပေးခြင်း ၊ စိတ်ဓါတ်ခွန်အားပေးစကားများ အတူတူတောင့်ခံနိုင်ဖို့ အပြန်အလှန်အားပေးခြင်းနှင့် ကလေးငယ်များ ကလေးငယ်မိဘများ အတွက် လက်ဆောင်ပစ္စည်းအနွေးထည်များ အာဟာဖြည့်အသားဟင်းမုန့်အချိုရည်များပေးဝေပေးခြင်း များကိုအလှူရှင်အားလုံးရဲ့ကူညီထောက်ပံ့မှုဖြင့်သွားရောက်ပြုလုပ်ပေးနိုင်ခဲ့သည်ဟုဆိုသည်။
ကွန်ယက်အနေဖြင့် အခြားသောစစ်ရှောင်စခန်းများတွင်းကျန်ရှိနေသော Christmas အစီစဉ်အတွက်ကူညီရန်လိုအပ်သော အနွေးထည် ဦးထုတ်နွေး ခြေအိတ်လက်အိတ် ၊ ကလေးကစားစရာပစ္စည်းများ ၊ အာဟာရဖြည့်မုန့်များ အချိုရည်များ ၊ ထူးချွန်သောကလေးငယ်များအတွက် ဆုချီးမြင့်နိုင်ရန် ငွေသားများလည်ကရင်နီစစ်ဘေးရှောင်ကူညီစောင့်ရေးကွန်ယက်သို့ဆက်သွယ်လှူနိုင်ကြောင်အသိပေးထားသည်။