ဧရာဝတီတိုင်းမ်
ဒီဇင်ဘာလ ၁၈ ရက်

မြောက်ကိုရီးယားက ကိုရီးယားကျွန်းဆွယ်နဲ့ အရှေ့မြောက်အာရှဒေသ ငြိမ်းချမ်းရေးနဲ့လုံခြုံရေးအတွက် ခြိမ်းခြောက်မှုတွေဖြစ်စေတဲ့ စစ်လက်နက်တွေကို ဆက်လက်ထုတ်လုပ်နေတယ်လို့ အိမ်ဖြူတော် တာဝန်ရှိသူတစ် ဉီးက ပြောကြားလိုက်ပါတယ်။

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်က မဟာဗျူဟာမြောက် ဒုံးကျည်တွေ အောင်မြင်စွာ စမ်းသပ် မှုကို စစ်ဆေးပြီးနောက် အမေရိကန် အမျိုးသားလုံခြုံရေးကောင်စီ ညှိနှိုင်းရေးမှူး ဂျွန်ကာဘီက အခုလို မှတ်ချက် ပြုခဲ့တာဖြစ်ပါတယ်။

“ကိုရီးယားကျွန်းဆွယ်၊ ကျွန်တော်တို့ရဲ့ မဟာမိတ်တွေ၊ မိတ်ဖက်တွေ၊ အမျိုးသားလုံခြုံရေး အကျိုးစီးပွား တွေကို ခြိမ်းခြောက်စေတဲ့ စစ်လက်နက်တွေကို ကင်ဂျုံအန်က ဆက်လက်လုပ်ဆောင်နေပါတယ်” လို့ သူက ဆိုပါ တယ်။

မြောက်ကိုရီးယားနိုင်ငံရဲ့ ခြိမ်းခြောက်မှုတွေကြောင့် အမေရိကန်နိုင်ငံက ကိုးရီးယားကျွန်းဆွယ်မှာ တပ်ဖွဲ့ တွေဖြန့်ကြက်ကာ စစ်ရေးလေ့ကျင့်မှုတွေ ပြုလုပ်နေခြင်းဖြစ်တယ်လို့ ဂျွန်ကာဘီက ပြောပါတယ်။

ဒီနှစ်အတွင်း မြောက်ကိုရီးယားနိုင်ငံက စံချိန်တင် ပဲ့ထိန်းဒုံးကျည် ၆၃ စင်း ပစ်လွှတ်ပြီးနောက် အခုလို အဆင့်မြင့်ဒုံးကျည်တွေ စမ်းသပ်တဲ့သတင်းတွေ ထွက်ပေါ်လာတာပါ။

မြောက်ကိုရီးယားနိုင်ငံနဲ့ ထိတွေ့ဆက်ဆံမှုတွေ ဆက်လက်ပြုလုပ်မယ့် အမေရိကန်နိုင်ငံရဲ့ ကတိကဝတ် ကိုလည်း သူက ထပ်လောင်းအတည်ပြုလိုက်ပါတယ်။

“ကြိုတင်ကန့်သတ်ချက်တွေမရှိဘဲ ဆွေးနွေးမှုတွေပြုလုပ်ဖို့ ကမ်းလှမ်းချက်ကိုလက်ခံဖို့ ကျွန်တော်တို့ ကင်ဂျုံအန်ကို တိုက်တွန်းပါတယ်။ ဒါမှသာ ကိုရီးယားကျွန်းဆွယ်မှာ နျူကလီးယားဖျက်သိမ်းရေး သံတမန်လမ်း ကြောင်းတစ်ခုကို ကျွန်တော်တို့ ရှာဖွေနိုင်မှာဖြစ်ပါတယ်” လို့ သူက ဆိုပါတယ်။

ဒီနှစ်အတွင်း မကြုံစဖူး ဒုံးကျည်ပစ်လွှတ်မှုတွေအတွက် မြောက်ကိုရီးယားနိုင်ငံက တာဝန်ခံဖို့ လိုအပ် တယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပါတယ်။

ကိုးကား – Yonhap
Ref; N. Korea continues to develop military capabilities that pose threat to U.S. and allies: Kirby