ဧရာဝတီတိုင်းမ်
ဒီဇင်ဘာလ ၁၇ ရက်

ဒေသတွင်း တင်းမာမှုတွေနဲ့ ရုရှားရဲ့ ယူကရိန်းကျူးကျော်စစ်ကြောင့် တရုတ်နိုင်ငံအထိ တိုက်ခိုက်နိုင်စွမ်း ရှိတဲ့ ဒုံးကျည်တွေဝယ်ယူဖို့ အပါအဝင် ဂျပန်နိုင်ငံက စံချိန်တင် စစ်ရေးအသုံးစရိတ် ဒေါ်လာ ၃၂၀ ဘီလီယံ သုံးစွဲ မယ်လို့ ပြောကြားလိုက်ပါတယ်။

ထိုင်ဝမ်ကိုတိုက်ခိုက်ဖို့ တရုတ်နိုင်ငံကို ရုရှားက အားပေးကာ အနီးအနားရှိ ဂျပန်ကျွန်းစုတွေကို ခြိမ်း ခြောက်လာပြီး ခေတ်မီ တစ်ပိုင်းလျှပ်ကူးပစ္စည်းတွေတင်ပို့မှုနဲ့ အရှေ့အလယ်ပိုင်းဒေသမှ ရေနံတင်ပို့သည့် ရေ လမ်းကြောင်းတွေကို နှောက်ယှက်လာမှာကို ဂျပန်အစိုးရက စိုးရိမ်နေပါတယ်။

ဂျပန်နိုင်ငံရဲ့ ဒုတိယကမ္ဘာစစ်အလွန် ဖွဲ့စည်းပုံအခြေခံဉပဒေက စစ်တပ်ကို တရားဝင် အသိအမှတ်မပြုဘဲ ခုခံကာကွယ်ရေးစွမ်းပကားတွေကို ကန့်သတ်ထားပါတယ်။

အမျိုးသားလုံခြုံရေး မဟာဗျူဟာအရ ခဲယမ်းမီးကျောက်တွေ စုပုံကာ ထောက်ပံ့ပို့ဆောင်ရေးတွေ တိုးမြှင့် လုပ်ဆောင်ပြီး ဆိုက်ဘာစစ်ပွဲဆင်နွှဲဖို့ တီထွင်မှုတွေပြုလုပ်ကာ ခြိမ်းခြောက်မှုတွေကိုတုံ့ပြန်ဖို့ အမေရိကန်၊ အခြား တိုင်းပြည်တွေနဲ့ အနီးကပ် ပူးပေါင်းဆောင်ရွက်နေတယ်လို့ ဂျပန်အစိုးရက ပြောပါတယ်။

“ရုရှားရဲ့ ယူကရိန်းကျူးကျော်စစ်က ဆိုးရွားတဲ့ ဉပဒေချိုးဖောက်မှုဖြစ်ပြီး ဂျပန်နိုင်ငံ ကြုံတွေ့ခဲ့ရသမျှထဲ မှာ တရုတ်နိုင်ငံရဲ့ မဟာဗျူဟာမြောက် စိန်ခေါ်မှုက အကြီးမားဆုံးဖြစ်ပါတယ်” လို့ အမျိုးသားလုံခြုံရေးစာတမ်း က ဖော်ပြပါတယ်။

လာမယ့်ငါးနှစ်အတွင်း ဂျပန်နိုင်ငံရဲ့ ကာကွယ်ရေးအသုံးစရိတ်ကို ဂျီဒီပီရဲ့ နှစ်ရာခိုင်နှုန်းခန့်အထိ တိုးမြှင့် မှာဖြစ်တာကြောင့် အမေရိကန်နဲ့ တရုတ်ပြီးရင် ကမ္ဘာပေါ်မှာ တတိယအများဆုံး စစ်ရေးအသုံးစရိတ် ဖြစ်လာမှာ ဖြစ်ပါတယ်။

ဂျပန်နိုင်ငံရဲ့ လက်ရှိ ဒုံးခွင်းစနစ်တွေက လုံလောက်မှုမရှိဘဲ တန်ပြန်တိုက်ခိုက်ဖို့ လိုအပ်တာကြောင့် တ ရုတ်နိုင်ငံအထိ ပစ်ခတ်နိုင်တဲ့ ခေတ်မီဒုံးကျည်တွေ ဝယ်ယူမယ်လို့ ဂျပန်အစိုးရက ပြောပါတယ်။

ကိုးကား – Aljazeera
Ref; Pacifist Japan unveils unprecedented $320bn military build-up