ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၁၇ ရက်

မန္တလေးမြို့အတွင်းရှိ စစ်ကောင်စီလက်အောက်ခံ အုပ်ချုပ်ရေးမှူးများအားလုံး နုတ်ထွက်စာတင်ရန် အထူးသတိပေးစာကို STF-MDY အဖွဲ့မှ ဒီကနေ့ ဒီဇင်ဘာလ ၁၇ ရက်နေ့တွင်ထုတ်ပြန်လိုက်ကြေညာလိုက်ကြောင်း STF-MDY ထံကသိရသည်။

အဆိုပါ ထုတ်ပြန်ချက်တွင် ယနေ့ ဒီဇင်ဘာလ ၁၇ ရက်မှစတင်ပြီး ဇန်နဝါရီ ၁၅ ရက်နေ့အထိ နောက်ဆုံးထား အပြီး တိုင်နုတ်ထွက်ရန်ထုတ်ပြန်ချက်တွင် ရေးသားဖော်ပြထားသည်။

“လိုက်နာခြင်းမရှိတဲ့ အုပ်ချုပ်ရေးမှူးများကို ကျွန်တော်တို့ STF-MDYမှ ကောင်းသည် ဆိုးသည် ခွဲခြားတော့မှာမဟုတ်ဘဲ အပြီးတိုင်ဖယ်ရှားရှင်းလင်း သွားမည်”ဟု STF မှ ဗိုလ်အနိစ္စက ပြောသည်။

ဒါ့ပြင် အုပ်ချုပ်ရေးမှူးစာရင်းများအား နာမည်အတိအကျ လိပ်စာနှင့်တကွ အတိအကျရရှိထားပြီးဖြစ်ပြီး နောက်ဖြစ်လာမည့်ကိစ္စများအတွက် ၎င်း တို့အဆိုးမဆိုရန် ဗိုလ်အနိစ္စက ပြောသည်။

#Ayeyarwaddy_Times