ဧရာဝတီတိုင်းမ်
ဒီဇင်ဘာလ ၁၇ ရက်

ဧရာ၀တီတိုင်း၊ ပုသိမ်မြို့မှာ ဒီဇင်ဘာလ အစပိုင်းကစတင်ပြီး လမ်းသွားလမ်းလာ မြို့ခံတွေကို ဆိုင်ကယ်စီးပြီးလိုက်လံလုယက်မှုတွေနဲ့ နေအိမ်တွေကို ၀ငျရောကျခိုးယူမှုတှပေိုမိုဖွဈပှားလာတယျလို့ ဒေသခံတွေဆီကနေသိရပါတယ်။

ပုသိမ်မြို့မှာ စစ်ကောင်စီနဲ့ ရဲတပ်ဖွဲ့တွေ အင်အားအများအပြားနဲ့ ကင်းလှည့်နေပေမယ့် တော်လှန်ရေးအင်အားစုတွေကသာ အဓိကထားပြီး ဖမ်းဆီးနေတာကြောင့် ခိုဆိုးလုနိုက်တွေ နေ့စဉ်ဖြစ်ပွားနေတယ်လို့မြို့ခံတွေကပြောပါတယ်။

“အဓိကကေတာ့ ဒီစစ်ကောင်စီက တော်လှန်ရေးအင်အားစုတွေကိုဖမ်းဆီးဖို့ပဲအားစိုက်တော့ဒီဘက်ကခိုးဆိုးလုနိူက်တွေကိုဖမ်းဖို့အားလျော့လာတာပုသိမ်မှာက၁၀ရက်ခြားတစ်ခါ တစ်ပါတ်ခြားတစ်ခါလိုလိုခိုးဆိုးလုနိူက်တွေကဖြစ်နေတာဖြစ်တိုင်းလဲတရားခံမိတာမျိုးမရှိဘူးပြည်သူတွေကကိုယ့်လုံခြုံရေးကိုယ်ဂရုစိုက်နေရသလိုမျိုးမြို့ပေါ်ကမှောင်တဲ့နေရာတွေဆိုမသွားရဲကြတော့ဘူး” လို့ ပုသိမ်မြို့ကရဲတပ်ဖွဲ့၀င်ဟောင်းတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။

ပုသိမ်မြို့မှာ ဒီဇင်ဘာလ၁၂ရက်နေ့က အမှတ်(၁)ရပ်ကွက်ငါးအောက်ချောင်းဆန်စက်ရှေ့မှာ ည ၈ နာရိအချိန် ဆိုင်ကယ်စီးလာတဲ့အမျိုးသမီးနှစ်ဦးကို ဆိုင်ကယ်ချင်းယှဉ်ပြီး လွယ်ထားတဲ့ပိုက်ဆံအိတ်ကိုလုယက်မှုဖြစ်ပွားခဲ့ပြီး
အလုခံရသူအမျိုးသမီးတစ်ဦး ဆိုင်ကယ်လဲကာဒဏ်ရာရလို့ဆေးရုံတက်ရောက်နေရတယ်လို့ဒေသခံတွေက ဆိုပါတယ်။

ဒီဇင်ဘာ ၁၆ ရက်နေ့က ပုသိမ်မြို့ စက်တော်ရာဘုရားဓမ္မာရုံအတွင်းက ၀င်ရောက်ပြီး ဘုရားခန်းမှန်ကို ခွဲကာအလှူခံငွေများ ခိုးယူမှုဖြစ်ပွားခဲ့တယ်လို့ ရဲတပ်ဖွဲ့ဝင််တစ်ဦးက ပြောပါတယ်။

ဆစစ်တပ်အာဏာသိမ်းယူပြီးနောက်ပိုင်းမှာ ပုသိမ်မြို့မှာနေ့စဉ်နီးပါး ခိုးဆိုးလုနိူက်များ ပိုမိုဆိုးရွားလာနေတာဖြစ်ပြီးစစ်ကောင်စီ တပ်ဖွဲ့နဲရဲများ ကိုယ်တိုင်က အရပ်သားများကို မတရားပုဒ်မတပ်ကာဖမ်းဆီး အကြပ်ကိုင် ငွေညှစ်ခြင်း၊ လောင်းကစား ဝိုင်းနဲ့ နှစ်လုံး၊သုံးလိုင်းဒိုင်များကိုတရား၀င်ခွင်ပြုပေးခြင်း၊၊ မူးယစ်ဆေး ရောင်းခြင်း၊ သယ်ယူပေးခြင်းတို့ကို လုပ်ဆောင်နေတာကြောင့် တရားဥပေဒ စိုးမိုးမှု ကင်းမဲ့နေတာလို့ ပုသိမ်မြို့ကဥပဒေပညာရှင်အသိုင်းအ၀န်းကသုံးသပ်ထားပါတယ်။

#ရဲတပ်ဖွဲ့ #ကင်းလှည့် #ပုသိမ် #လုယက်မှု
#Ayeyarwaddy_Times