ဧရာဝတီတိုင်းမ်
(ပလက်ဝ)၊ ဒီဇင်ဘာ ၁၇ ရက်

ချင်းပြည်နယ်၊ ပလက်ဝ-မတူပီနယ်စပ်တွင် ဂိတ်ထိုးထားသော စစ်ကောင်စီတပ်၊ ဘွေလီဂိတ်စခန်းကို ဒီဇင်ဘာလ ၁၆ ရက်နေ့၊ နံနက် ၇ နာရီအချိန်ခန့်တွင် CDF-Paletwaက ဝင်ရောက်တိုက်ခိုက်မှုကြောင့် စစ်ကောင်စီဘက်က ၂ ဦးသေဆုံးကာ ၅ ဦးထက်မနည်းဒဏ်ရာရရှိခဲ့ကြောင်း CDF-Paletwaက ယနေ့တွင် သတင်းထုတ်ပြန်သည်။

CDF-Paletwaက ဘွေလီဂိတ်စခန်းကို ဝင်ရောက်တိုက်ခိုက်ရာတွင် စစ်ကောင်စီတပ်နှင့် ၁၅ မိနစ်ကြာ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်းသိရပြီး CDF-Paletwaက အထိအခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း အဆိုပါထုတ်ပြန်တွင် ဖော်ပြထားသည်။

တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်က လက် နက်ကြီးများရမ်းသမ်းပစ်ခတ်မှုကြောင့် ဘွေလီရွာနှင့် တွီဆော့ကုန်းကျေးရွာတို့မှ ပြည်သူ လူထုများဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်းထုတ်ပြန်ချက်အရသိရသည်။

ဘွေလီဂိတ်စခန်းကို ဝင်ရောက်တိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး CDF-Paletwaမှ တာဝန်ခံကို ဧရာဝတီတိုင်းမ်သတင်းဌာနအနေဖြင့် ဆက်သွယ်ပေမယ့် လက်ရှိသတင်းရေးသားအချိန်အထိ ဖုန်းလက်ခံဖြေကြားခြင်းမရှိပါ။