ဧရာဝတီတိုင်းမ်
ဒီဇင်ဘာလ ၁၇ ရက်
ရန်ကုန်တိုင်း၊ သာကေတမြို့နယ်၊ ၁၀ မြောက်ရပ် ကွက်၊ ဧရာဝဏ်လမ်း၊ ကွေ့မအိမ်ရာရှေ့တွင် အမျိုး သားတစ်ဦး သေနတ်ဖြင့်ပစ်သတ်ခံရကြောင်း မြို့ နယ်နေထိုင်သူများ၏ ပြောပြချက်အရ သိရှိရသည်။
ယမန်နေ့ ဒီဇင်ဘာ ၁၆ ရက် ည ၆ နာရီခွဲဝန်းကျင်အချိန်ခန့်တွင် သာကေတမြို့နယ်၊ ဧရာဝဏ်လမ်း၊ ကွေ့မအိမ်ရာရှေ့တွင် တပ်သတင်းပေးဟု နာမည်ထွက်နေသည့် မျိုးမြင့်အောင်(ခ)စိန်ကုလားဆိုသူကို ၎င်းမိသားစုနှင့်အတူ ယာဥ်မောင်းနှင်ထွက်လာချိန် တွင် ပစ်ခတ်ခံရခြင်းဖြစ်ကြောင်း သိရှိရသည်။
“သူက မွေးမြူရေးလုပ်ငန်းလုပ်တယ်။ ရပ်ကွက်ထဲမှာ သတင်းပေးဆိုပြီး နာမည်ထွက်နေတာကြာပြီ။ သေချာတော့ မသိဘူး သူ့အကြောင်းကို။ အိမ်ရာထဲက ထွက်လာချိန်မှာပဲ ပစ်ခံရတာ မျက်နှာကိုပစ်သွားတာ။ သူ့မိသားစုကိုတော့ ဘာမှမလုပ်သွားဘူး”အနီးဝန်းကျင်နေထိုင်သူ ဒေသခံအမျိုးသားတစ်ဦးမှ ဧရာ ဝတီတိုင်းမ်ကိုပြောသည်။
ပစ်ခတ်မှုကြောင့် မျိုးမြင့်အောင်ဆိုသူမှာ ယာမျက် လုံးကျည်ဖောက်ဝင်ဒဏ်ရာ ၁ ချက်၊ ယာပုခုံးကျည် ဖောက်ဝင်ဒဏ်ရာတို့ဖြင့် နေရာတွင်သေဆုံးကြောင်း ရဲအသိုင်းအဝိုင်းနှင့် နီးစပ်သူတစ်ဦးမှ အတည်ပြုပြောသည်။
၎င်းသေဆုံးမှုနှင့်ပတ်သက်ပြီး ကွေ့မအိမ်ရာသို့ စစ် ကောင်စီတပ်ဖွဲ့များနှင့် ရဲတပ်ဖွဲ့များမှ ညပိုင်းအချိန်တွင် ဧည့်စာရင်းစစ်မည်ဟုဆိုကာ ဝင်ရောက်ဖမ်းဆီးမှုများရှိပြီး ရပ်ကွက်တွင်းနေထိုင်သူ လူငယ် အယောက် ၂၀ ကျော်ကို ယမန်နေ့ညက အကြောင်း မဲ့ ဖမ်းဆီးသွားကြောင်း သိရှိရသည်။
ဖမ်းဆီးခံရသူနှင့်နီးစပ်သူတစ်ဦးမှ “တိုက်ခန်းတွေအကုန် တက်ပြီး စစ်တာ။ ဧည့်စာရင်းအကြောင်းပြ ပြီးတော့ လူငယ်တွေကို တမင်အကြောင်းပြပြီး အောက်ကိုခေါ်သွားပြီး လူစုပြီးဖမ်းခေါ်သွားတာ။ ပြီးရင် ပိုက်ဆံဘယ်လောက်နဲ့လာရွေးဆိုပြီး ပြောတာ။ ခုဒလန်အကြီးစားသေလို့ ခုလိုလုပ်တာ”ဟု ဧရာဝတီတိုင်းမ်ကိုပြောသည်။
ဓာတ်ပုံ – ပစ်ခတ်မှုဖြစ်ပွားခဲ့သည့်ကွေ့မအိမ်ရာ။