ဧရာဝတီတိုင်းမ်
(မင်းတပ်)၊ ဒီဇင်ဘာလ ၁၇ ရက်
ချင်းပြည်နယ်၊ မင်းတပ်မြို့ အခြေစိုက် ခလရ ၂၇၄ တပ်ရင်းမှ စစ်ကောင်စီတပ်သား မျိုးသက်ပိုင် သည် ဒီဇင်ဘာလ ၁၆ ရက်နေ့က လက်နက်အပြည့်အစုံဖြင့် လာရောက်ခိုလှုံခဲ့ကြောင်း CDF-Mindatက ယနေ့တွင် သတင်းထုတ်ပြန်သည်။
CDF ထံ ပူးပေါင်းလာချိန်တွင် ၄င်းတွင် MA-1 ၁ လက်၊ ကျည်ဘောက် ၄ ခု၊ ကျည်ဆံ ၆၅ တောင့်၊ကျည်ကာဝတ်စုံတစ်စုံတို့ဖြင့် CDF-Mindatထံ လာရောက်ခိုလှုံခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
အဆိုပါစစ်ကောင်စီ CDMတပ်သားအား မေးမြန်းထားသည့် တပ်တွင်းရဲဘော်များ၏ ဖိနှိပ်ခံရမှုများ၊ စစ်အာဏာရှင်စနစ် ဆိုးကျိုးရလဒ်များ၊ စစ်အာ ဏာရှင်စနစ်အောက်မှ ရုန်းထွက်၍ ပြည်သူ့ရင်ခွင်သို့ လာရောက်ခိုလှုံရခြင်းရည်ရွယ်ချက်နှင့် ၎င်း၏ အနာဂတ်ရည်မှန်းချက်ပန်းတိုင် အစရှိသည့် အင်တာ ဗျူးအစီအစဉ်ဗီဒီယိုဖိုင်ကို CDF-Mindatက မကြာမီဆက်လက်ထုတ်ပြန်သွားမည်ဟု သိရသည်။
Photo CDF-Mindat