ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၁၇ ရက်

မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်၊ မင်းကြီးကြပ်ရွာမှ စစ်ကောင်စီကိုမိုင်းရှာပေးပြီး PDF သတင်းပေးလုပ်နေသည့် စစ်ကောင်စီသတင်းပေး ၁ ဦး ငါန်းဇွန် PDF တပ်ဖွဲ့မှ ဒီဇင်ဘာ၁၆ရက်နေ့ကရှင်းလင်းခဲ့ကြောင်း မာန်စွယ်ကျားပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ထုတ်ပြန်ချက်များအရသိရသည်။

ပစ်သတ်ခံရသူမှာ စစ်တပ်သတင်းပေးဆိုသူ ဟန်ဝင်းမှာ စစ်ကောင်စီနှင့်ပေါင်းကာ စစ်ကောင်စီအတွက် PDF များထောင်ထားသောမိုင်း ၁၂ လုံးနှင့်စပ်ဆက်ပစ္စည်းများကိုစစ်ကောင်စီတပ်များအားပြသကာသတင်ပေးပြီး PDF တပ်ဖွဲ့များ၏မစ်ရှင်းများကိုဖျက်စီးခဲ့သောကြောင့် TGYR.Youth Guerilla Counter Revolution (LPDF) နှင့်မာန်စွယ်ကျားပြည်သု့ကာကွယ်ရေးတပ်ဖွဲ့ BHGF (Black Hero Guerrilla Force) တပ်ဖွဲ့များမှပူပေါင်းရှင်လင်းခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

“ဟန်ဝင်းက ဒီနေ့သာကြင်ရွာကလက်ဖက်ရည်ဆိုင်လာထိုင်တာပါ သာကြင်ရွာမှာက စကစကကောင်
တွေ အမြဲတပ်စွဲထားတာပါ၊ သူပထွေးအားကိုနဲ့လာတာ ကျနော်တို့က ဒီအခွင့်အရေးကိုအသုံးချပြီးတော့အကောင်းဆုံးလုပ်ဆောင်ခဲ့တာပါ”ဟု TGYR (Youth Guerilla Counter Revolution) (LPDF) တပ်ဖွဲ့တာဝန်ရှိသူမှ ဧရာဝတီတိုင်းမ်ကိုပြောသည်။

ဒလန်ဟန်ဝင်၏သတင်းပေးမှုကြောင့် LPDF တပ်ဖွဲ့မှစစ်ကောင်စီတပ်များကိုထောင်ထားသောမိုင်း ၅လုံး၊ ဖုန်းတစ်လုံး၊ ပါဝါးဘန့်နှင့်ဝါယာကြိုးများဆုံးရှုံးခဲ့ရပြီးမာန်စွယ်ကျားအဖွဲ့မှလည်း ငါန်းဇွန် ငါန်းမြားမှ စစ်ကောင်စီ လမ်းကြောင်းကိုထောင်ထားသော မိုင်း ၇ လုံးအားစစ်ကောင်စီတပ်ထံသတင်းပေးဖျက်စီးခဲ့ပြီး မင်းကြီးကြပ်ရွာမှ မိသားစုနှစ်စုအားစစ်ကောင်စီတပ်များနှင့်ပေါင်းကာရွာတွင်မနေနိုင်အောင်ပြု့လုပ်ခဲ့ကြောင်း LPDF တပ်ဖွဲ့ထံမှသိရသည်။

စစ်ကောင်စီကို ကူညိီနေသော အခြားဒလန်များကိုလည်း ပူပေါင်းအဖွဲ့များမှ ရှင်းလင်းသွားမည်ဖြစ်ကြောင် LPDF မှ ထပ်မံပြောကြားခဲ့သည်။