ဧရာဝတီတိုင်းမ်
ဒီဇင်ဘာလ ၁၇ ရက်

မြန်မာစစ်ကောင်စီ၊ အာဖဂန်နစ္စတန် တာလီဘန်နဲ့ လစ်ဗျားနိုင်ငံတွေရဲ့ကုလသမဂ္ဂမှာကိုယ်စားပြုခွင့် ပေး ရေးဆုံးဖြတ်ချက်ကို ရွှေ့ဆိုင်းဖို့ ကုလသမဂ္ဂ အထွေထွေညီလာခံက အတည်ပြုလိုက်ပါတယ်။

အဲဒီသုံးနိုင်ငံရဲ့ ကုလသမဂ္ဂမှာ ကိုယ်စားခွင့်ပြုရေး မဲခွဲမှုကို ရွှေ့ဆိုင်းဖို့ အသိအမှတ်ပြုရေးကော်မတီရဲ့ ထောက်ခံချက်နဲ့ အဖွဲ့ဝင် ၁၉၃ နိုင်ငံပါ ကုလသမဂ္ဂ အထွေထွေညီလာခံက ဒီဇင်ဘာလ ၁၆ ရက်မှာ အတည်ပြုခဲ့ တာဖြစ်ပါတယ်။

ကုလသမဂ္ဂ အထွေထွေညီလာခံရဲ့ ဆုံးဖြတ်ချက် ရွှေ့ဆိုင်းမှုကြောင့် လက်ရှိ ကုလသမဂ္ဂဆိုင်ရာ မြန်မာ၊ အာဖဂန်နစ္စတန်နဲ့ လစ်ဗျားသံအမတ်ကြီးတွေဟာ ရာထူးနေရာမှာ ဆက်ရှိနေမှာဖြစ်ပါတယ်။

”မြန်မာ၊ အာဖဂန်နစ္စတန်နဲ့လစ်ဗျားနိုင်ငံတွေရဲ့ ကိုယ် စားလှယ်တွေကို ကုလသမဂ္ဂမှာ အသိအမှတ်ပြုမှု ကို ရွှေ့ဆိုင်းဖို့ အသိအမှတ်ပြုရေးကော်မတီက ဆုံးဖြတ်ခဲ့ပါတယ်” လို့ ကော်မတီဉက္ကဌ ကုလသမဂ္ဂဆိုင်ရာ သံအ မတ်ကြီး ကာရိုလင်းရော့ဒရီဂူးဘာကက်က ပြောပါတယ်။

၂၀၂၃ ခုနှစ် စက်တင်ဘာလမှာ သက်တမ်းကုန်ဆုံးမယ့် ၇၇ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ အထိ အဲဒီသုံးနိုင်ငံမှ ကိုယ်စားလှယ်တွေအတွက် မဲပေးရွေးချယ်မှုကို ရွှေ့ဆိုင်းခဲ့တာဖြစ်ပါတယ်။

မြန်မာအာဏာသိမ်းစစ်ကောင်စီ၊ တာလီဘန်နဲ့ လစ်ဗျား အရှေ့ပိုင်းအစိုးရရဲ့ သံအမတ်ကြီးတွေကို ကုလ သမဂ္ဂက အသိအမှတ်ပြုလက်ခံခြင်းက ကမ္ဘာ့စင်မြင့်မှာ တရားဝင် အသိအမှတ်ပြုမှုရရှိရေး ပထမအဆင့်ခြေလှမ်း ဖြစ်လာမှာဖြစ်ပါတယ်။

အာဏာသိမ်းခေါင်းဆောင်တွေက နိုင်ငံတကာရဲ့ အသိအမှတ်ပြုမှုရရှိဖို့ ကြိုးပမ်းနေချိန်မှာ လက်ရှိ ကုလ သမဂ္ဂဆိုင်ရာ မြန်မာကိုယ်စားလှယ် ဉီးကျော်မိုးထွန်းကို ဆက်လက် ခန့်ထားဖို့ဆုံးဖြတ်ချက်က သံတမန်ရေးရာ အရ အောင်မြင်မှုတစ်ခုဖြစ်တယ်လို့ Myanmar Accountability Project (MAP) ရဲ့ ညွှန်ကြားရေးမှူး ခရစ်ဂင်းနက်က ပြောပါတယ်။

ကိုးကား – Aljazeera
Ref; UN postpones decision on ambassadors from Myanmar, Taliban, Libya