ဧရာဝတီတိုင်းမ်
ဒီဇင်ဘာလ ၁၆ ရက်

မန္တလေးတိုင်း၊ ပြည်ကြီးတံခွန်မြို့နယ် ၅၂ လမ်းပေါ်ရှိ ပြည်ကြီးတံခွန်မြို့မရဲစခန်းကို ယမန် ဒီဇင်ဘာလ ၁၅ ရက် ညနေ ၄ နာရီခန့်က ဗုံးဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း မြို့ပြပျောက်ကျားတပ်ဖွဲ့ Anonymous Force Mandalay အဖွဲ့ထံ မှ သိရှိရသည်။

မန္တလေး ၆၂ လမ်း၊ ၁၁၄ ×၁၁၅ လမ်းကြားရှိ ပြည်ကြီးတံခွန်ရဲစခန်းဂိတ်ပေါက်ကို အဖွဲ့တည် ထောင်ခြင်းတစ်နှစ်ပြည့်အဖြစ် လက်ပစ်ဗုံးဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။

“ကျွန်တော်တို့အဖွဲ့ တည်ထောင်ခြင်းတစ်နှစ်ပြည့်အ ဖြစ် မွေးနေ့လက်ဆောင် လျက်စားတစ်လုံးပေးခဲ့တာ ပါ။ ဂိတ်ပေါက်ဝမှာ စောင့်နေတဲ့ ခွေးနှစ်ကောင်ကိုထိ တယ်။ သေမသေတော့ သတင်းမရသေးဘူး”ဟု Anonymous Force MDY တာဝန်ခံမှ ဧရာဝတီတိုင်းမ်ကို ပြောသည်။

တိုက်ခိုက်မှုကို Anonymous Force MDY၊ NGU:FF (မြေခွေးတပ် ဖွဲ့)၊ VOMDY-Front Warrior၊ Truthkepping Force AMA မဟာမိတ်အဖွဲ့တို့မှ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

#Ayeyarwaddy_Times