ဧရာဝတီတိုင်းမ်
(ရေး)၊ ဒီဇင်ဘာလ ၁၆ ရက်

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ကလောကြီးကျေးရွာအခြေစိုက် စစ်ကောင်စီလက်အောက်ခံ အမှတ် ၃၁၆ အမြောက်တပ်ရင်း( အမတ ၃၁၆) အား ဒီဇင်ဘာလ ၁၆ ရက် ယနေ့ နံနက် ၉ နာရီ ၃၀ မိနစ်တွင် YEဘီလူး အဖွဲ့မှ ၄၀မမ များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ရေးမြို့တံတားကြီးနှင့် ၂ မိုင်ခွဲအကွာတွင်ရှိသည့် စစ်ကောင်စီလက်အောက်ခံ အမတ ၃၁၆ တပ်အတွင်းရှိတပ်သားများနေထိုင်ရာ လိုင်းခန်းတွဲအား ၄၀မမ ၆ လုံးဖြင့် ဝင်ရောက်ပစ်ခတ်ရာ စစ်ကောင်စီတပ်သားအများအပြားဒဏ်ရာ ရခဲ့ကြောင်းသိရသည်။

“ဒီနေ့မနက် ၉ နာရီခွဲမှာ သူတို့နေတဲ့တန်းလျား လိုင်းခန်းတွဲကို ဝင်ပစ်တာ၊ ‌အဓိကပြောချင်တာက သူတို့ကကျွန်တော်တို့တည်နေရာကိုသိပြီ၊ လာမယ်ဆိုပြီး‌ပြောနေကြလို့ သူတို့ကမတော့ကျွန်တော်တို့ကိုယ်တိုင်ဆင်းပြီးဝင်ပစ်တာပါ၊ ” ဟု ရေးဘီလူးအဖွဲ့ ခေါင်းဆောင် ဧရာဝတီတိုင်းမ်ကို ပြောသည်။

ပစ်ခတ်မှုအတွင်း စစ်ကောင်စီဘက်မှ သေနတ်များဖြင့်ပြန်လည်ပစ်ခတ်မှုများရှိပြီး အင်အားနည်းပါးမှုကြောင့် လက်နက်ကြီးများဖြင့်ပင်ပြန်လည်မပစ်ခတ်ရဲကြောင်း ကိုလည်းသိရသည်။

“သူတို့ဘက်မှာအင်အားကနည်းနေတော့ သိပ်လည်းပြန်မပစ်ရဲကြဘူး၊ သူတို့ကိုလာကူမဲ့တပ်ကူကလည်း မရှိတော့ အရမ်းလည်းပြန်မပစ်ရဲဘဲစိုးရိမ်နေတာ၊ တပ်တွင်းမှာတော်တော်စိတ်ပူနေတဲ့အနေထားရှိတယ်၊ လက်နက်ကြီး‌နဲ့ဝောာင်ပြန်မပစ်ဘူး၊ ကျွန်တော်တို့ကပစ်မယ်ထင်ထားတာ” ဟု ရေးဘီလူးမှပြော သည်။

YEဘီလူးအဖွဲ့သည် နိုဝင်ဘာလ ၂၃ ရက်တွင်လည်း ရေးမြို့မရဲစခန်းမှူးစီးလာသည့်ကားအား ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စခန်းမှူးအပါအဝင် ၃ ဦးသေဆုံးခဲ့ကြောင်းသိရသည်။

#Ayeyarwaddy_Times