ဧရာဝတီတိုင်းမ်
ဒီဇင်ဘာလ ၁၆ ရက်
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စုမှာ ဩဂုတ်လ ၂၈ ရက်နေ့ ညပိုင်းက ဖမ်းဆီး ခံခဲ့ရတဲ့ ဦးဇော်ဝင်းမောင်ကို စစ်ကောင်စီက ဒီဇင်ဘာလ ၁၃ ရက်နေ့က ထောင်ဒဏ် ၁ နှစ်ခွဲ ချမှတ် ခဲ့တယ်လို့ ဒေသခံတွေကဆီက သိရပါတယ်။
မှော်ပုံကျေးရွာမှာ နေထိုင်နေချိန် စစ်ကောင်စီတပ်သားတွေရောက်လာပြီး နေအိမ်ကို ဝင်စီးကာ ဖမ်းဆီး သွားပြီးနောက်ပိုင်း နေအိမ်နဲ့ ကားတွေကိုပါး မီးရှို့ခဲ့တာလို့ ဒေသခံတွေကပြောပါတယ်။
ည ၁၁ နာရီလောက်ဝင်စီးပြီး ဖမ်းသွားတာ ခုတော့ ထောင် ၁ နှစ်ခွဲချလိုက်တယ် နောက်အမှုလည်း ရင်ဆိုင်နေရတာရှိသေးတယ်လို့ ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။
ဖားကန့်မြို့နယ်ရဲ့ သပိတ်ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဦးဇော်မင်းဦးကို ဖမ်းဆီးသွားပြီး ၄ လအကြာမှာ စစ်အုပ်စုက ပုဒ်မ ၅၀၅ နဲ့ ထောင်ဒဏ် ၁ နှစ်ခွဲချမှတ်ခဲ့တာဖြစ်ပြီး နောက်ထပ်ပုဒ်မတစ်ခုနဲ့လည်း ထပ်တရားစွဲထားသေးတယ်လို့ ဆိုပါတယ်။
ဦးဇော်မင်းဦးကို စစ်အုပ်စုက ဖမ်းဆီးသွားပြီးနောက်ပိုင်း လုံးခင်းကျေးရွာမှာရှိတဲ့ နေအိမ်ကိုလည်း ချိပ်ပိတ် ခဲ့သေးတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဖားကန့်မြို့နယ်ရဲ့ သပိတ်ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ကိုစိုင်းမောင်ကိုတော့ စစ်အုပ်စုက မြစ်ကြီးနား လမ်းပိုင်းမှာဖမ်းဆီးခဲ့ပြီး ခုချိန်ထိ တရားစွဲဆိုတာ မရှိသေးဘူးလို့လည်း ဆိုပါတယ်။