ဧရာဝတီတိုင်းမ်
ဒီဇင်ဘာလ ၁၆ ရက်
အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံး (ICC) က မြန်မာစစ်တပ်ရဲ့ အရေးယူခံရခြင်းမှကင်းလွတ်မှုကို အဆုံး သတ်ပေးနိုင်တယ်လို့မြန်မာနိုင်ငံဆိုင်ရာအထူးအကြံ ပေးကောင်စီ (SAC-M) က ပြောကြားလိုက်ပါတယ်။
၂၀၂၂ ခုနှစ်တစ်ခုလုံး အရှိန်မြှင့်လာခဲ့တဲ့ မြန်မာ နိုင်ငံမှာ လူ့အခွင့်အရေးချိုးဖောက်မှုတွေဟာ စစ်တပ်က တာဝန်မခံသရွေ့ ဆက်လက်ရှိနေမှာဖြစ်တယ်လို့ လွတ်လပ်သော နိုင်ငံတကာပညာရှင်တွေနဲ့ ဖွဲ့စည်းထားတဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ (SAC-M) က ဆိုပါတယ်။
အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံး (ICC) က မြန်မာ နိုင်ငံနဲ့ပတ်သက်ပြီး တရားစီရင်ပိုင်ခွင့်ရှိပြီး မြန်မာစစ် ခေါင်းဆောင်တွေကို လူမျိုးသုဉ်းသတ်ဖြတ်မှု၊ လူသားမဆန်သော ရာဇဝတ်မှု၊ စစ်ရာဇဝတ်မှုတွေနဲ့ နှောင့်နှေး ကြန့်ကြာမှုမရှိဘဲ တရားစွဲဆိုနိုင်ဖို့ နိုင်ငံ တကာအသိုင်းအဝိုင်းမှာ တာဝန်ရှိတယ်လို့ မြန်မာ နိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ (SAC-M) က ထုတ်ပြန်တဲ့ “မြန်မာနဲ့ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံး (ICC) လို့ခေါ်တဲ့ အစီရင်ခံ စာအတွင်း ဖော်ပြပါတယ်။
ရိုဟင်ဂျာတွေအပေါ် မြန်မာစစ်တပ်ကကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုအားလုံးနဲ့ ၂၀၀၂ ခုနှစ်နောက်ပိုင်း အရပ် သားတွေအပေါ် ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေအားလုံးကို အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံး (ICC) က စုံစမ်းစစ် ဆေးနိုင်တယ်လို့ အစီရင်ခံစာက ဆိုပါတယ်။
မြန်မာစစ်ခေါင်းဆောင်တွေကို အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံး (ICC) မှာ တရားစွဲဆိုနိုင်ဖို့ နိုင်ငံတကာ အသိုင်းအဝိုင်းက ဖြစ်နိုင်ဖွယ်ရာ နည်းလမ်းအားလုံး အသုံးပြုရမယ်လို့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေး ကောင်စီ (SAC-M) အဖွဲ့ဝင် ယန်ဟီးလီက ပြောပါတယ်။
မြန်မာနိုင်ငံမှာ လူ့အခွင့်အရေးချိုးဖောက်မှု အခြေ အနေဟာ ဒီနှစ်အတွင်း ပိုဆိုးရွားလာခဲ့တယ်လို့ ယန် ဟီးလီက ပြောပါတယ်။
“သူတို့ကို မရပ်တန့်သရွေ့ မင်းအောင်လှိုင်နဲ့ သူ့ရဲ့ဗိုလ်ချုပ်ကြီးတွေက မြန်မာပြည်သူတွေအပေါ် ရက် စက်ကြမ်းကြုတ်မှုတွေ ဆက်လက်ကျူးလွန်နေမှာဖြစ်ပါတယ်” လို့ ၂၀၁၄ ခုနှစ်မှ ၂၀၂၀ ပြည့်နှစ်အထိ မြန်မာနိုင်ငံဆိုင်ရာလူ့အခွင့်အရေးအစီရင်ခံစာတင်ပြသူအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ယန်ဟီးလီက ပြောပါတယ်။
၂၀၀၂ ခုနှစ် ဇူလိုင်လ ၁ ရက်နောက်ပိုင်း မြန်မာနိုင်ငံမှာ စစ်တပ်ကကျူးလွန်ခဲ့သမျှ ရာဇဝတ်မှုတွေအ တွက် မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ (SAC-M) ရဲ့ တရားစီရင်ပိုင်ခွင့်ကို လက်ခံတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရက ၂၀၂၁ ခုနှစ် ဇူလိုင်လအတွင်း ကြေညာချက်တစ်ရပ် ထုတ်ပြန်ခဲ့ပါတယ်။
ကုလသမဂ္ဂ အချက်အလက်ရှာဖွေရေးမစ်ရှင်က ရခိုင်၊ ကချင်နဲ့ ရှမ်းပြည်နယ်တွေမှာ စစ်တပ်ရဲ့ လူ့အခွင့် အရေးချိုးဖောက်မှု နမူနာတွေ့ရှိချက်တွေ ရှာဖွေပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်ကတည်းက လူမျိုးသုဉ်းသတ်ဖြတ်မှု၊ လူသား မဆန်သော ရာဇဝတ်မှုနဲ့ စစ်ရာဇဝတ်မှုတွေအတွက် မင်းအောင်လှိုင်နဲ့ သူရဲ့ဗိုလ်ချုပ်ကြီးတွေကို တရားစွဲဆိုဖို့ တောင်းဆိုခဲ့တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ (SAC-M) အဖွဲ့ဝင် ခရစ်ဆီဒိုတီက ပြောပါ တယ်။
“အမျိုးသားညီညွတ်ရေးအစိုးရရဲ့ တရားဝင် ကြေညာချက်ကြောင့် အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံး (ICC) က မြန်မာနိုင်ငံက လူမျိုးသုဉ်းသတ်ဖြတ်မှု၊ လူသားမဆန်သော ရာဇဝတ်မှုနဲ့ စစ်ရာဇဝတ်မှုတွေနဲ့ပတ်သက် လို့ တရားစီရင်ပိုင်ခွင့်ရှိပါတယ်” လို့ သူက ဆိုပါတယ်။
ကိုးကား – Bernama
Ref; ICC can end Myanmar military’s impunity, says SAC-M briefing paper