ဧရာဝတီတိုင်းမ်
ဒီဇင်ဘာလ ၁၆ ရက်
အမေရိကန်နိုင်ငံရဲ့ ၂၀၂၂ ခုနှစ် အမျိုးသားကာ ကွယ်ရေးလုပ်ပိုင်ခွင့်အက်ဥပဒေ (NDAA) မှာ မြန်မာစစ်တပ်ကို အရေးယူမယ့် ၂၀၂၂ ခုနှစ် မြန်မာအက် ဥပဒေထည့်သွင်းအတည်ပြုလိုက်တာကို နိုင်ငံ တ ကာဒုက္ခသည်များ အဖွဲ့ (RI)က ဂုဏ်ပြုလိုက်ပါတယ်။
၂၀၂၂ ခုနှစ် မြန်မာအက်ဥပဒေ အတည်ပြုလိုက်တာဟာ သိသာထင်ရှားသော ခြေလှမ်းတစ်ရပ်ဖြစ်ပြီး မြန် မာပြည်သူတွေကို ပံ့ပိုးကူညီတဲ့ လုပ်ရပ်အဖြစ် နိုင်ငံတကာဒုက္ခသည်များအဖွဲ့က ကြိုဆိုလိုက်ပါတယ်။
ဒီအက်ဥပဒေက တရားမဝင် အာဏာသိမ်းစစ်ကောင်စီကို ဆန့်ကျင်တဲ့ မြန်မာပြည်သူတွေကို ထောက်ခံ အားပေးပြီး အမေရိကန်နိုင်ငံက စစ်ကောင်စီနဲ့ ငွေကြေးပံ့ပိုးသူတွေကို ဒဏ်ခတ်အရေး ယူမှုတွေ ထပ်မံပြုလုပ်နိုင် မှာဖြစ်ပါတယ်။
၂၀၂၂ ခုနှစ် မြန်မာအက်ဥပဒေအတည်ပြုမှုဟာ အရေးပါတဲ့ အောင်မြင်မှုတစ်ခုဖြစ်ပေမယ့် လူသားချင်းစာ နာမှု အကူအညီပေးအပ်ဖို့နဲ့ ရိုဟင်ဂျာတွေ အပါအဝင် မြန်မာပြည်သူတွေအတွက် တာဝန်ခံမှုရရှိစေဖို့ လုပ်ဆောင် စရာတွေ ရှိနေသေးတယ်လို့ နိုင်ငံတကာဒုက္ခသည်များအဖွဲ့က ပြောပါတယ်။
အရေးပါတဲ့ ၂၀၂၂ ခုနှစ် မြန်မာအက်ဥပဒေအတည် ပြုရေးအတွက် ခေါင်းဆောင်မှုအတွက် အမေရိကန် လွှတ်တော်အမတ်တွေကိုလည်း ကျေးဇူးတင်ရှိတယ်လို့ နိုင်ငံတကာဒုက္ခသည်များအဖွဲ့က ဆိုပါတယ်။
တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ CDM တွေကို ထောက်ပံ့မယ့် ၂၀၂၂ ခုနှစ် မြန်မာအက်ဥပဒေကို ၂၀၂၂ ခုနှစ် အမျိုးသားကာကွယ်ရေးလုပ်ပိုင်ခွင့်အက်ဥပဒေ (NDAA) ရဲ့ တစ်စိတ် တစ်ဒေသ အမေရိကန်ဆီးနိတ်က အတည်ပြုလိုက်ပြီဖြစ်ပြီး သမ္မတ ဂျိုးဘိုင်ဒင် လက်မှတ်ထိုးဖို့သာ ကျန်ရှိပါတော့တယ်။
ကိုးကား – Refugees International
Ref; Refugees International Welcomes Congressional Action on Myanmar