ဧရာဝတီတိုင်းမ်
ဒီဇင်ဘာလ ၁၆ ရက်
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်အခြေစိုက် ခလရ ၂၃၁ တပ်ရင်းကို ဒီဇင်ဘာ ၁၆ ရက် ဒီကနေ့ မနက်ပိုင်းမှာ တော်လှန်ရေးတပ်ဖွဲ့တွေဘက်ကဝင်ရောက်တိုက်ခိုက်နေတယ်လို့ သိရပါတယ်။
ကော့ကရိတ်-မြဝတီအာရှလမ်းမကြီးဘေးမှာရှိတဲ့ စစ်ကောင်စီ ခလရ ၂၃၁ တပ်ကိုတိုက်ခိုက်နေတာဖြစ်ပြီး တိုက်ပွဲအတွင်းမှာ စစ်ကောင်စီတပ်ဘက်က ထိခိုက်သေဆုံးမှုတွေရှိတယ်လို့ မြေပြင်တပ်ဖွဲ့တွေနဲ့နီးစပ်တဲ့ သတင်းရင်းမြစ်တစ်ဦးကဧရာဝတီတိုင်းမ်ကိုပြောပါတယ်။
တိုက်ပွဲအတွင်းမှာ ခလရ ၂၃၁ တပ်ရင်းက ဗိုလ်ကြီး ၁ ဦးအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေသေဆုံးခဲ့ပြီး နောက်တန်းကစစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့မိန်းမတွေလည်းသေဆုံးမှုရှိတယ်လို့ဧရာဝတီတိုင်းမ်ကစုံစမ်းသိရှိထားပါတယ်။
တိုက်ပွဲအခြေအနေနဲ့ပတ်သက်ပြီးတော်လှန်ရေးအင် အားစုတွေဘက်က ထုတ်ပြန်လာတာမျိုးမရှိသေးပါဘူး။ တိုက်ပွဲ အခြေအနေအသေးစိတ်ကို စုံစမ်း မေးမြန်းပြီးဆက်လက်ဖော်ပြပေးသွားပါမယ်။
ခလရ ၂၃၁ ဟာ စစ်ကောင်စီတပ်ရဲ့ အမှတ် ၁၂ စစ် ဆင်ရေးကွပ်ကဲမှုဌာနချုပ်(စကခ ၁၂)လက်အောက် ခံတပ်ရင်းတစ်ခုဖြစ်ပြီး စကခ ၁၂ နဲ့ လက်အောက်ခံတပ်ရင်းတွေဟာ ရှမ်းပြည်နယ်(မြောက်ပိုင်း)မှာ တိုက်ခိုက်ရေးဝင်ရောက်နေတယ်လို့သိရပါတယ်။
ဓာတ်ပုံ – KNLA တပ်ဖွဲ့ဝင်တချို့(Getty Image)။