ဧရာ၀တီတိုင်မ်း
ဒီဇင်ဘာလ ၁၅ ရက်

စစ်ကိုင်းတိုင်း၊ယင်းမာပင်မြို့နယ်၊ဘန့်ဘွေး(ရွာမ) ရွာတွင် တပ်စွဲထားသော စစ်ကောင်စီတပ်သားများနှင့် ပျူစောထီးအပါအ၀င် အင်အား ၂၀ခန့်က ယနေ့ ဒီဇင်ဘာ ၁၅ရက်၊နံနက် ၁၀နာရီခန့်တွင် ဒေသခံများ ၏ နေအိမ်များအားအကြောင်းမဲ့မီးရှို့နေကြောင်းဒေသခံများထံကသိရသည်။

ဘန့်ဘွေးရွာမ အရှေ့တောင်ဘက် ရွှေပြည်စုံဝင်းဆီဆိုင်အနီးရှိ မုံရွာ-ယာကြီးလမ်းမဘေးကဒေသခံများ ၏ နေအိမ်များကိုမီးရိူ့ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

“ဒီကောင်တွေကကျနော်တို့ပတ်၀န်းကျင် ဖြစ်နေကျ အနေအထားနဲ့ပြောမယ်ဆိုရင် အငြိုးအတေးရှိတယ်ဗျ။ စစ်တပ်က နယ်ခံတွေကို လက်နက် ထုတ်ပေးပြီး ရွာခံတွေကို ပျူစောထီးတွေဖွဲ့ထားတာ။ အခုမီးရိူ့ခံရတဲ့သူအိမ်ကအရင်ကပါတီလုပ်ငန်းတွေမှာ တက်ကြွလှုပ်ရှားတဲ့ အနေအထားတော့ရှိတယ်။ ရွာခံတွေဆိုတော့ တစ်ယောက်အကြောင်းတစ်ယောက်သိနေတာပေါ့။ ရွာမှာရှိတဲ့ပျူတွေက လက်နက်အားကိုးနဲ့ အနိုင်ကျင့်နေတာ။ သူတို့မျက်စိစပါးမွှေးစူးတဲ့သူဆိုရင် မထင်ရင် မထင်သလို ဖမ်းပြီးနှိပ်စက်တာတွေရှိတယ်၊အဲ့ဒါကြောင့်ရွာမှာမနေရဲကြဘူး” လို့ အမည်မဖော်လိုသူ ဒေသခံတစ်ဦးကဧရာဝတီတိုင်းမ်ကိုပြောသည်။

စစ်ကောင်စီတပ်မှ မီးရိူ့ဖျက်စီးခဲ့သဖြင့် နေအိမ် ၅ လုံးပျက်ဆီးခဲ့ပြီး ဘန့်ဘွေးကျေးရွာအုပ်စု၊ လက်ပံကျေးရွာအနီး ကားလမ်းဘေးက အိမ်များဖြစ် ကြောင်းသိရသည်။

အဆိုပါ နေရာများတွင် မကြာခဏ တိုက်ပွဲဖြစ်လေ့ရှိသောကြောင့် ဒေသခံများမှ မနေရဲသဖြင့် ၎င်းတို့ ၏နေအိမ်များကိုစွန့်ခွာပြီး ထွက်ပြေးတိမ်းရှောင်နေကြကာ ယနေ့တွင်လူမနေသော အိမ်နှင့်တောတဲများကို မီးရိူ့ဖျက်စီးသွားခြင်းဖြစ်သည်။

“အစ်ကိုတို့က ၀ါးထောင်လုပ်တာ။ ပြီးတော့ ကုန်စုန်ဆိုင်လည်းဖွင့်ထားတယ်။ ဆိုင်ပိတ်ပြီးအိမ်မှာ မနေတာ တစ်နှစ်ကျော်လောက်ရှိပြီ တစ်လ တစ်ခေါက်တော့သွားကြည့်ဖြစ်တယ်။ ဆိုင်က ပစ္စည်းတွေတော့အိမ်မှာထားခဲ့ရတယ်။ရွာမှာတော့ ရန်ငြိုးရန်စမရှိဘူး။ တက်ကြွလူပ်ရှားတဲ့ထဲမှာ ပါတယ်ထင်လို့ မီးရိူ့တာဖြစ်နိုင်တယ်လို့ယူဆရတယ်။ အတိအကျတော့ပြောလို့မရသေးဘူး။ အစ်ကိုတို့က အိမ်မှာ နေလို့မရဘူး။ တိုက်ပွဲကြားနေရာလိုဖြစ်နေတဲ့အတွက် စစ်တပ်နယ်မြေ ကုန်းပေါ်က ဆင်းလာရင်လည်း အစ်ကိုတို့ အိမ်ကျော်မှ ရောက်တယ်။ အဲ့ဒီနားမှာ ဘယ်သူမှ မနေရဲဘူး ရွာတွေနဲ့လည်း‌‌‌ ‌‌ဝေးတယ်”ဟု မီးရိူ့ခံရသည့်နေအိမ်ပိုင်ရှင်တစ်ဦးက ဧရာ၀တီတိုင်မ်းကိုပြော သည်။

ဘန့်ဘွေး(ရွာမ)ရွာကို တပ်စွဲထားချိန်မှစ၍ ‌ပြည်သူများ မနေဝံ့သောကြောင့် ဘေးလွတ်ရာသို့ ထွက် ပြေးတိမ်းရှောင်နေရသည်မှာ တစ်နှစ်ကျော်ကြာခဲ့ပြီဖြစ်ကြောင်းလည်း သိရသည်။ ယခုဖြစ်စဥ်နှင့်ပတ် သက်ပြီး မီးရိူ့ခံရတဲ့ နေရာမှာ ဒေသခံပြည်သူ့ကာ ကွယ်ရေး တပ်ဖွဲ့များရှိသည်ဟု ယူဆကာ စစ်ကောင် စီက ပစ်မှတ်ထားပြီး မိုင်းကွင်းနှင့်မလွတ်ကင်းသောကြောင့် နယ်မြေရှင်းလင်းရေးလုပ်သည်ဟု ယူဆကြောင်း ယင်းမာပင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၀င် ရဲဘော်တစ်ဦးက မှတ်ချက်ပြုသည်။

#ယင်းမာပင် #စစ်ကောင်စီတပ် #နေအိမ်မီးရှို့ #AyeyarwaddyTimes