ဧရာဝတီတိုင်းမ်
ဒီဇင်ဘာလ ၁၅ ရက်
စစ်တပ်ကအုပ်ချုပ်နေတဲ့ မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေ၊ အန္တရာယ်ရှိတဲ့ အခြေအနေတွေဖြစ်ပေါ်နေ စဉ် အသက်အန္တရာယ်ရှိတာကြောင့် မြန်မာနိုင်ငံသားတွေကို ပြည်နှင်ဒဏ်ပေးတာ ရပ်တန့်ဖို့ လူ့အခွင့်အရေးအဖွဲ့ တွေက မလေးရှားအာဏာပိုင်တွေကို တိုက်တွန်းလိုက်ပါတယ်။
ဒီဇင်ဘာလ ၁၃ ရက်က ကလေးငယ်တွေအပါအဝင် မြန်မာနိုင်ငံသား ၁၁၄ ဉီးကို ပြည်နှင်ဒဏ်ပေးမယ့် ဆုံးဖြတ်ချက်တစ်ရပ်ကို မလေးရှား တရားရုံးတစ်ရုံးက ရုတ်သိမ်းပြီးနောက် လူ့အခွင့်အရေးအဖွဲ့တွေက အခုလို တောင်းဆိုခဲ့တာပါ။
အန္တရာယ်ရှိတဲ့အခြေအနေမှာ မြန်မာနိုင်ငံသားတွေကို နေရပ်ပြန်ပို့တာ ရပ်ဆိုင်းဖို့၊ လူ့အခွင့်အရေးနဲ့ အ ပြည်ပြည်ဆိုင်ရာဥပဒေကို လေးစားသမှုရှိဖို့ နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့နဲ့ Access Asylum Malaysia က တောင်းဆိုလိုက်ပါတယ်။
“မလေးရှားတရားရုံးရဲ့ ဆုံးဖြတ်ချက်က မြန်မာနိုင်ငံသားတွေကို အဓမ္မ ပြည်နှင်ဒဏ်ပေးတာ ရပ်တန့်ဖို့ နိုင်ငံတကာရဲ့တောင်းဆိုမှုကို ဉပေက္ခာပြုနေတယ်ဆိုတာ ပြသနေပါတယ်” လို့ လူ့အခွင့်အရေးအဖွဲ့တွေက ပူးတွဲ ထုတ်ပြန်ချက်တစ်ခုအတွင်း ပြောပါတယ်။
ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး (UNHCR) ကိုလည်း ထိန်းသိမ်းထားသူတွေနဲ့ တွေ့ဆုံ ခွင့်မပြုဘူးလို့ မီဒီယာသတင်းတွေအရ သိရပါတယ်။
UNHR ထံ ခိုလှုံခွင့်တောင်းခံထားတဲ့ ရေတပ်အရာရှိခြောက်ဉီးနဲ့ မိသားစုတွေ အပါအဝင် မြန်မာနိုင်ငံသား ၁၅၀ ဉီးကို အောက်တိုဘာလ ၆ ရက် ပြည်နှင်ဒဏ်ပေးခဲ့ရာ ရေတပ်အရာရှိတွေ လေဆိပ်ရောက်ရောက်ခြင်း ဖမ်း ဆီးခံခဲ့ရတယ်လို့ ရိုက်တာသတင်းအရ သိရပါတယ်။
ရိုဟင်ဂျာ ၁၀၀၀၀၀ အပါအဝင် ဒုက္ခသည်နဲ့ ခိုလှုံခွင့်တောင်းခံသူ ၁၈၅၀၀၀ ဉီးခန့်ဟာ မလေးရှားနိုင်ငံရှိ UNHCR ရုံးမှာ မှတ်ပုံတင်ထားပါတယ်။ ကလေးငယ် ၁၅၀၀ ကျော် အပါအဝင် လူပေါင်း ၁၇၅၀၀ ခန့် မလေးရှား နိုင်ငံတစ်ဝန်းရှိ ထိန်းသိမ်းရေးစခန်းတွေမှာ ထိန်းသိမ်းခံထားရတယ်လို့ လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့က ပြောပါတယ်။
ကိုးကား – UCA News
Ref; Malaysia urged not to deport Myanmar nationals