ဧရာဝတီတိုင်းမ်
(မွန်)၊ ဒီဇင်ဘာလ ၁၅ ရက်
မွန်ပြည်နယ်၊ သထုံမြို့နယ်၊ သိမ်ဆိပ်ဘူတာနှင့် ဒုံဝန်းဘူတာအကြားတွင် ဒီဇင်ဘာလ ၁၃ ရက်နေ့ ညနေ ၆ နာရီဝန်းကျင်အချိန်တွင် စစ်ကောင်စီ၏ ကုန်တင်ရထားတွဲတစ်စီးအား PDF များင မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ရထားတိမ်းမှောက်သွားကြောင်း သိရသည်။
မော်လမြိုင်မှ ရန်ကုန်သို့ထွက်ခွာလာသည့် မျက်နှာကျက်ကျောက်ပြားများ တင်ဆောင်လာသည့် ကုန်တင်ရထားတွဲအား မိုင်းဆွဲခံရမှုကြောင့် ရထားတွဲတစ်ချို့နှင့် ရထားသံလမ်း ပျက်စီးခဲ့ပြီး ဒီဇင်ဘာလ ၁၄ ရက်တစ်ရက်တာ မော်လမြိုင်-ရန်ကုန် ခရီးစဉ်အားဖျက်သိမ်းခဲ့ရကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးထံမှ သိရသည်။
“ညနေ ၆ နာရီဝန်းကျင်လောင်မှာ မိုင်းဆွဲခံခဲ့ရတာ၊ အဲ့ဒီရထားက ကျောက်သယ်ရထား၊ စစ်ကောင်စီရဲ့ပစ္စည်းတွေသယ်တဲ့ရထားပါ” ဟု တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးမှ ဧရာဝတီတိုင်းမ်ကို ပြောသည်။
ပိတ်ဆို့နေသည့် ရထားလမ်းပိုင်းအား အမြန်ဆုံးရှင်းလင်းကာ ယနေ့ ဒီဇင်ဘာလ ၁၅ ရက်နေ့မှစပြီးမော်လမြိုင်ဘူတာကြီးမှ ထွက်ခွာမည့်ရထားခရီးစဉ်အားလုံးအား ပုံမှန်အတိုင််း ပြန်လည်ပြေးဆွဲလျှက်ရှိကြောင်း မြန်မာ့မီးရထားဝန်ထမ်းတစ်ဦးက ဆိုသည်။
မြန့်မာမီးရထားအား အာဏာသိမ်းပြီးကာလအစတွင် ပြည်သူများမှ သပိတ်မှောက်ခဲ့ကြပြီး ယခုအခါတွင် မော်လမြိုင်-ရန်ကုန် လမ်းမပေါ်ရှိ ညောင်ခါးရှည် X-Rayစစ်ဆေးရေးဂိတ်တွင် စောင့်ဆိုင်းချိန်ကြာမြင့်မှုကြောင့် လေအိတ်ရထားအသစ်ဖြင့် ဈေးနှုန်းသင့်တင့်မှုကြောင့် စီးနင်းသူ ခရီးသည်များမှာ ယခင်ကထက် ပြန်လည်များပြားလာကြောင်း ဒေသခံများထံမှ သိရသည်။
#မော်လမြိုင် #ရန်ကုန် #ရထား #မိုင်းဆွဲ #တိမ်းမှောက်
#Ayeyarwaddy_Times