ကိုကိုမိုး/ဧရာဝတီတိုင်းမ်
ဒီဇင်ဘာလ ၁၅ ရက်
စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ အနောက်မြင်းစီးရွာတွင် စပါးရိတ်သိမ်းနေသည့် ဒေသခံတောင်သူများကို စစ်အုပ်စုလက်အောက်ခံ ပျူစောထီးခေါင်း ဆောင်မှ သေနတ်ဖြင့်ပစ်ခတ်ပြီး စပါးရိတ်သိမ်းမှုအပေါ် ခြိမ်းခြောက်ငွေတောင်းခံနေကြောင်းသတင်း ရရှိသည်။
အနောက်မြင်းစီးရွာ လယ်ကွက်များတွင် ဒေသခံတောင်သူများစိုက်ပျိုးထားသည့်စပါးများအားရိတ် သိမ်းနေမှုကို အဆိုပါရွာပျူစောထီးခေါင်းဆောင် ဌေးအောင်ဆိုသူက စပါးခင်းများအားရိတ်သိမ်းလိုလျှင် တစ်ဧက ၁သိန်းပေးရမည်ဟုခြိမ်းခြောက်ပြောဆိုတောင်းခံသည်ဟုဆိုသည်။
“ပျူခေါင်ဆောင်ဌေးအောင်ကစစ်တပ်နဲ့ပေါင်းပြီးစပါးရိတ်မယ့်သူတွေကိုတစ်ဧက ၁သိန်းတောင်းတယ်ပြီးရင်သူတို့ကင်းစောင့်ပေးမယ်လို့ပြောတယ်။မပေးတဲ့တောင်သူတွေဆိုစပါးရိတ်နေချိန်သေနတ်တွေနဲ့ပစ်တာတွေပါလုပ်ပါတယ်” ဟု ရွှေဘိုမြို့နယ်မှဒေသခံတစ်ဦးကဧရာဝတီတိုင်းမ်ကိုပြောသည်။
ရွှေဘိုနယ်အတွင်း စစ်ကောင်စီတပ်နှင့်ပျူများက ဒေသခံများအား လက်နက်ဖြင့်ခြိမ်းခြောက်ကာနည်းမျိုးစုံဖြင့် အနိုင်ကျင့်ငွေညစ်မှုလုပ်ဆောင်နေကြောင်း Shwe Bo Local PDF အဖွဲ့ဝင်တစ်ဦးကပြောသည်။
“တောင်သူတွေကိုဒုက္ခပေးနေတဲ့ကောင်တွေကစပါးရိတ်တဲ့လယ်တွေကိုကင်းစောင့်ပေမယ်တဲ့ ။ ဘယ် PDFက မှတောင်သူကိုဒုက္ခပေးနေတာမဟုတ်ဘူးဒီကောင်တွေသက်သက်ငွေညှစ်ချင်နေတာ”ဟုShwe Bo Local PDFအဖွဲ့တာဝန်ရှိသူတစ်ဦးကဧရာဝတီတိုင်းမ်ကိုပြောသည်။
ရွှေဘိုမြို့နယ်စိုက်ပျိုးရေးကျောင်းအတွင်း တပ်စွဲထားသည့် စစ်ကောင်စီတပ်များနှင့်မြင်းစီးရွာမှပျူခေါင်းဆောင်ဌေးအောင် ဦးဆောင်သည့်အဖွဲ့ပူး ပေါင်းကာ စပါးရိတ်စက် ၆ လုံးဖြင့်ပြည်သူ့စပါးခင်းများကိုခိုးယူရန်ကြိုးပမ်းနေကြကြောင်းလည်း ဒေသခံများကပြောသည်။
#ရွေဘို #ပျူစောထီး #ငွေတောင်းခံ #စစ်ကောင်စီတပ် #တစ်ဧက #၁သိန်း #Ayeyarwaddy_Times