ဧရာဝတီတိုင်းမ်
ဒီဇင်ဘာလ ၁၅ ရက်

ဧရာ၀တီတိုင်း၊ ကန်ကြီးထောင့်မြို့ အ၀င် စစ်ဆေးရေးဂိတ်အနီး မာလာကုန်းလမ်းဆုံမှာ မနေ့က ဒီဇင်ဘာလ ၁၄ ရက်နေ့ မနက် ၆ နာရီအချိန်က လက်လုပ်ဗုံးတစ်လုံး ပေါက်ကွဲခဲ့ပြီးနောက် ဒေသခံအချို့ဖမ်းဆီးခံရတယ်လို့ သိရပါတယ်။

မနေ့က မနက်အစောပိုင်းက ကန်ကြီထောင့် မြို့အ၀င်စစ်ဆေးရေးဂိတ်အနီး မလေးရှားပိတောက်ပင်အောက်မှာ ပေါက်ကွဲခဲ့တာဖြစ်ပြီးထိခိုက်ဒဏ်ရာရရှိသူမရှိပဲ ပေါက်ကွဲမှုအပြီး မိနစ်အနည်းငယ်မှာ စစ်ကောင်စီတပ်များနှင့် ရဲများရောက်ရှိလာကာ အနီးအနားမှာတွေ့ရှိတဲ့ ဒေသခံ ၅ ဦးထက်မနည်းကို စစ်ဆေးမေးမြန်းဖို့ဆိုပြီး ကန်ကြီးထောင့် ရဲစခန်းကိုဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“ဗုံးပေါက်တာက ဘာမှ ထိရောက်မှုမရှိဘူး။ အဲ့ဒီတော့ PDF တွေလုပ်တာမဟုတ်ဘူးလို့ထင်တယ်ဗျ။ ဗုံးဖောက်ပြီး ပြည်သူတွေကိုဖမ်းမယ်။ ပြီးရင် မတရားပိုက်ဆံတောင်းမယ် ဆိုတဲ့ပုံစံနဲ့ စစ်တပ်နဲ့ ရဲက ဗုံးခွဲတာလို့ထင်တယ်”လို့ ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။

ပေါက်ကွဲမှုနှင့်ပတ်သက်ပြီး ကန်ကြီးထောင့်မြို့နယ်အတွင်းရှိ တော်လှန်ရေးအင်အားစုများက သူတို့လုပ်ဆောင်ခဲ့ခြင်းမရှိဘူးလို့ ပြောဆိုထားပြီး မည်သည့်အဖွဲ့ကဖောက်ခွဲသည်ကိုသိရခြင်းမရှိဘူးလို့ တော်လှန်ရေးအဖွဲ့ တွေဆီကနေသိရပါတယ်။

#ကန်ကြီးထောင့် #မြို့အဝင် #စစ်ဆေးရေးဂိတ် #ဗုံးပေါက်ကွဲ #ဖမ်းဆီးခံရ
#Ayeyarwaddy_Times